၂၀၂၁ ခုနှစ်တုန်းက E-sport လောကမှာ Unreal Engine 5 ဟာတော်တော်လေးကို ဂယက်ရိုက်သွားခဲ့ပါတယ်။Unreal Engine တွေထဲမှာနောက်ဆုံးထွက်ဖြစ်ပြီး ဂိမ်းတွေဖန်တီးယုံသာမကပဲ ရုပ်ရှင်ရိုက်တဲ့နေရာတွေမှာပါ Unreal Engine 5 ကိုစတင်အသုံးပြုနေကြပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က Epic Game ဟာ Unreal Engine 5 ကိုအသုံးပြုပြီး The Matrix Awakens ဆိုတဲ့ Matrix ဂိမ်းကို demo ချပြခဲ့ပါတယ်။အဲ့ထဲမှာအသုံးပြုထားတဲ့ မြို့ရဲ့မော်ဒယ်ပုံစံကိုလည်း တခြားသူတွေအသုံးပြုနိုင်အောင် ချပြပေးထားပါတယ်။အဲ့ဒီမြို့မော်ဒယ်ကိုအသုံးပြုပြီးတော့ပဲ Developer တစ်ယောက်ဟာ စူပါမန်းဂိမ်းတစ်ခုကို ဖန်တီးခဲ့တာပါ။

Volod ဆိုတဲ့ ဂိမ်း Developer တစ်ယောက်ဟာ အဲ့ဒီ့မြို့နမူနာပုံကိုအသုံးပြုပြီး စူပါမန်းဂိမ်းတစ်ခုကိုဖန်တီးလိုက်တာဖြစ်ပါတယ်။အောက်မှာတွေ့ရတဲ့ Video ထဲကအတိုင်းစူပါမန်း ပျံတဲ့ပုံစံကလက်ရှိဈေးကွက်ထဲမှာရှိနေတဲ့ စူပါမန်းဂိမ်းတွေထက်တောင်အများကြီးပိုမိုက်ပါတယ်။ဒါပေမဲ့ဂိမ်းကခုမှလုပ်နေတုန်းတန်းလန်းကြီးဖြစ်ပြီး စူပါမန်းမော်ဒယ်တောင်ပုံမပေါ်သေးပါဘူး။
The #UE5 CitySample told me that it wants to turn into a #Superman game when it grows up...#IndieGameDev #gamedev #games pic.twitter.com/7BwAOt3KVF
— ?????▿ (@volodXYZ) April 6, 2022
Volod ကဂိမ်းကိုအဆုံးသတ်ဖို့အတွက် Concept အနုပညာရှင်တွေ၊3D ကျွမ်းကျင်သူတွေ၊Unreal Engine 4 သုံးဖူးသူတွေကို သူနဲ့အလုပ်အတူတွဲလုပ်ဖို့ ကြိုဆိုထားပါတယ်။ဒါပေမဲ့ဂိမ်းကတကယ့်စူပါမန်းအတွက် လိုင်စင်သုံးထားလားဆိုတာတော့မသိရသေးသလိုပဲ Volod ကလည်းဂိမ်းနဲ့ပတ်သက်လို့ ဘာမှအကျယ်တဝင့်ရှင်းပြထားတာမျိုးမရှိသေးပါဘူး။

ဂိမ်းကိုကြည့်ရတာတော့လုံးဝအလန်းစားကြီးပါ။တကယ်ထွက်လာမယ်ဆိုရင်လည်း တခြားစူပါမန်းဂိမ်းတွေအားလုံးကိုကျော်တက်ပြီး ထိပ်ဆုံးမှာနေရာယူနေမှာသေချာပါတယ်။