ကပ်ရောဂါကြီးတစ်ခုကိုဖြန့်ပစ်ပြီး ကမ္ဘာပေါ်မှာရှိသမျှလူတွေအားလုံးကိုသတ်မယ်ဆိုတဲ့ အတွေးဟာ တော်တော်လေး ကြောက်ဖို့ကောင်းပြီး ဘယ်သူမှလည်း တော်ရုံတန်ရုံအဲ့လိုတွေးမိကြမှာမဟုတ်ပါဘူး။ဒါပေမဲ့ဂိမ်းတစ်ခုထဲမှာတော့ ကိုယ်ကရောဂါဖြန့်သူနေရာကကစားပြီး တလောကလုံးကိုသတ်ပစ်နိုင်ပါတယ်။စိတ်ဝင်စားဖို့ကောင်းသလိုပဲ အနိုင်ရရှိဖို့ကိုလည်း သေချာစဉ်းစားပြီး ဆော့ရမဲ့ဂိမ်းပါ။

Plague Inc. ဆိုတဲ့ဒီဂိမ်းဟာထွက်ခဲ့တာအရမ်းကြာနေပေမဲ့ Covid-19 နောက်ပိုင်းမှာ နာမည်အရမ်းကြီးလာပြီး Streamer တွေအားလုံးနီးပါးကလည်းဆော့ပြခဲ့ကြပါတယ်။ခုကျွန်တော်မိတ်ဆက်ပေးမဲ့ မိုဘိုင်းဗားရှင်းကလည်း ၂၀၁၇ ခုနှစ်ကတည်းကထွက်ခဲ့ပါတယ်။PC ပေါ်မှာဆော့ရတဲ့ Plague Inc. ဟာ IGN ကပေးတဲ့ ၂၀၁၂ အတွက်အကောင်းဆုံး Strategy ဂိမ်းဆုကိုရရှိခဲ့ပါတယ်။

ဂိမ်းရဲ့ Objective ကကြောက်ဖို့ကောင်းပေမဲ့ Gameplay ကတော့ အေးအေးဆေးဆေးစဉ်းစားပြီးဆော့ရမဲ့ Strategy ဂိမ်းအမျိုးအစားပါ။အဓိကဆော့ရမဲ့ Gameplay နှစ်မျိုးရှိပါတယ်။ပထမတစ်ခုက ရောဂါဖြန့်ရမှာပါ။

ဘက်တီးရီးယား၊ဗိုင်းရပ်စ်၊မှို၊ကပ်ပါးကောင်၊ပရိုရွန်၊နာနိုဗိုင်းရပ်စ်၊Bio-weapon တို့ကနေတဆင့်ဖြန့်နိုင်တဲ့ရောဂါတွေပါပြီး အထူးစပယ်ရှယ်အနေနဲ့ ဦးနှောက်ကိုထိခိုက်စေပြီး စိတ်ကိုထိန်းချုပ်တဲ့ နျူရက်စ်ဗိုင်းရပ်စ်၊ဇွန်ဘီတွေဖြစ်စေတဲ့ နီခရိုဗိုင်းရပ်စ်၊Planet of the Apes ရုပ်ရှင်ထဲက မျောက်ဝံတွေကို ဉာဏ်ပိုကောင်းလာစေတဲ့ ဆီမီယန်ဗိုင်းရပ်စ်၊ကူးစက်ခံရသူကိုသွေးစုပ်ဖုတ်ကောင်ဖြစ်စေတဲ့ ရှဲဒိုးဗိုင်းရပ်စ်တို့ပါဝင်ပါတယ်။စပယ်ရှယ်ရောဂါတွေက ဝယ်ရမှာလည်းရှိ၊ရှေ့ကခုနှစ်ခုကို နိုင်ပြီးသွားရင် ရတာတွေလည်းရှိပါတယ်။

ရောဂါကိုစဖြန့်လိုက်တာနဲ့ ဘယ်နိုင်ငံမှာ ဘယ်နှယောက်ကူးစက်နေလဲကြည့်လို့ရပြီး ကူးစက်နှုန်းများလာတာနဲ့အမျှ နိုင်ငံတွေက ပြည်ဝင်ခွင့်ပြည်ထွက်ခွင့်ပိတ်တာတွေ၊နိုင်ငံပေါင်းစုံစုပြီး ကုသဆေးဖော်ဆောင်တာတွေကို ကြုံရမှာမလို့ ရောဂါပိုးကို ပိုပိုပြီးအဆင့်မြှင့်ရင်း တစ်ကမ္ဘာလုံးကလူတွေတစ်ယောက်မကျန် ကူးစက်သေဆုံးတဲ့အထိ ကစားရမှာဖြစ်ပါတယ်။ကုသဆေးသာပေါ်လာမယ်ဆို ရှုံးသွားပါပြီ။ပြန့်နေတဲ့ရောဂါကိုကုရမဲ့ Mode မှာကတော့ ခုနကပြောခဲ့တာတွေအားလုံးကို ပြောင်းပြန်ပြန်လုပ်ပြီး ကုသဆေးဖော်ရမှာဖြစ်ပါတယ်။

ဂိမ်း Graphic ပိုင်းမှာတော့ ဘာမှထွေထွေထူးထူးပြောစရာမရှိပါဘူး။လုံးဝ Strategy ဦးစားပေးဂိမ်းသက်သက်ဖြစ်လို့ ကမ္ဘာ့မြေပုံပေါ်မှာ ရောဂါပြန့်နေပုံတွေကိုပဲ အနီစက်လေးတွေနဲ့မြင်ရမှာဖြစ်ပါတယ်။ဒါပေမဲ့ သဘောကျစရာ Detail လေးတွေတော့ပါပါသေးတယ်။အထူးစပယ်ရှယ်ရောဂါတွေကိုဆော့ရင်တော့ ရောဂါကူးစက်ပုံ၊ကူးစက်ခံရသူတွေကိုပြတဲ့ပုံစံလေးတွေပါဝင်ပါတယ်။


Storage size အနေနဲ့ 118MB သာရှိတဲ့ဒီဂိမ်းကို Android ပေါ်မှာရော iOS ပေါ်မှာရော အခမဲ့ဒေါင်းလုပ်ရယူပြီး အင်တာနက်မလိုအပ်ပဲ Offline ကစားနိုင်ပါတယ်။

ဒေါသတွေအရမ်းထွက်နေချိန်၊ကိုယ်မဲစရာလူမရှိလို့ စိတ်ထွက်ပေါက်ရှာမရချိန်တွေမှာ ဒီဂိမ်းကိုဆော့ရင် ခေါင်းအေးအေးနဲ့လူသတ်ဖို့ကြိုးစားတဲ့ပုံစံဖြစ်သွားတာကြောင့် တခြားဂိမ်းတွေနဲ့မတူတဲ့ ခံစားချက်တစ်ခုရရှိစေမှာပါ။Plague Inc. ကိုဆော့ကစားချင်ရင်အောက်ပါ link တွေကတဆင့် ဒေါင်းလုပ်ဆွဲယူနိုင်ပါတယ်။
သတင်း အရင်းအမြစ်៖ Download link for Android
သတင်း အရင်းအမြစ်៖ Download link for iOS