ကမ္ဘာကြီးဘယ်လိုမျိုးစတင်ပြီး ဖြစ်ပေါ်လာလဲ။သက်ရှိတွေကရော ဘယ်ကနေစလာသလဲ အစရှိတဲ့မေးခွန်းတွေကို လူတော်တော်များများသိချင်ကြမှာပါ။အဖြေတွေကတော့ မျိုးစုံရှိပြီး အသေးစိတ်ထိသိချင်တယ်ဆိုရင် သတင်းရင်းမြစ်မျိုးစုံကနေ အသည်းအသန်ရှာဖွေလှန်လှောပြီး အချက်အလက်တွေလိုက်စုဆောင်းရမှာဖြစ်ပါတယ်။ဂိမ်းလေးတစ်ခုရှိရင်တော့ အဲ့လောက်ထိခက်ခဲမှာမဟုတ်ပါဘူး။ဂိမ်းဆိုပေမဲ့လည်း Learning App လို့ပြောရင်ပိုမှန်ပါလိမ့်မယ်။Relaxing Game ပုံစံလည်းပေါက်တဲ့ အဲ့ဂိမ်းလေးရဲ့နာမည်ကတော့ Cells to Singularity: Evolution လို့ခေါ်ပါတယ်။

Cells ဟာကမ္ဘာကြီးစတင်ဖြစ်ပေါ်လာပုံ၊DNA တောင်မပေါ်သေးပဲ အဲ့ဒီထက်အများကြီးပိုစောတဲ့ ဆဲလ်တစ်လုံးတည်းနဲ့ သတ္တဝါလေးတွေရဲ့ အစကိုပါ တဆင့်ချင်းစီဖော်ပြထားတဲ့ ဂိမ်းလေးပါ။ကစားသူဟာ ဒီတစ်ခုကို Unlock ဖြစ်ပြီးသွားရင် နောက်တစ်ခုကဘာဖြစ်မလဲဆိုတာ အသည်းအသန်သိချင်နေမှာပါ။အဲ့ဒါကြောင့် Relaxing Game တော်တော်များများရဲ့စတိုင်လိုမျိုး Screen ကို Tap လုပ်နေရင်း Entrophy လို့ခေါ်တဲ့ Point လေးတွေရနိုင်မှာပါ။

Point တွေကိုအသုံးပြုပြီးမှ တစ်ခုပြီးတစ်ခုတောက်လျှောက် Unlock လုပ်ရမှာဖြစ်ပါတယ်။တစ်ခုချင်းစီမှာ အသုံးပြုရတဲ့ Point ပမာဏကတဖြည်းဖြည်းတက်လာမှာဖြစ်ပြီး နောက်ပိုင်းသိပ်မကြာခင်မှာပဲ Point တွေဘီလီလျံနဲ့ချီပြီးရှိမှ အဆင့်တွေတက်နိုင်မှာပါ။ဒါပေမဲ့ Unlock ဖြစ်တာတွေ တဖြည်းဖြည်းများလာတာနဲ့အမျှ တခါတခါ Tap တိုင်းရရှိမဲ့ Point ပမာဏကလည်းတက်လာမှာဖြစ်ပါတယ်။အဲ့အပြင်ကိုယ်က အဲ့ဂိမ်းကို မဆော့ပဲထားထားရင်လည်း တစ်စက္ကန့်မှာ Point ဘယ်လောက်နှုန်းနဲ့ဆိုပြီး offline point တွေရရှိနိုင်သေးတာမလို့ Point စုရတာကတော့ လုံးဝအဆင်ပြေပါတယ်။

စစချင်းတွေ့ရမှာတွေက ကမ္ဘာကြီးဖြစ်ပေါ်လာပုံပါ။ပြီးရင်ကမ္ဘာပေါ်မှာ သဘာဝအတိုင်းရှိနေတဲ့ အိုဇုန်းလွှာတွေ၊မြေဆီလွှာတွေကို ရရှိမှာဖြစ်ပြီး တဖြည်းဖြည်းနဲ့မှ သက်ရှိတွေကို ရရှိမှာပါ။ကမ္ဘာကြီးစတင်ကတည်းက တဖြည်းဖြည်းဖြစ်ပေါ်လာတဲ့ နေရာမျိုးစုံက Evolution ကိုကိုယ့်လက်ပေါ်မှာတင် အလွယ်တကူ ခံစားသိရှိနိုင်မဲ့အပြင် နောက်ပိုင်းတဖြည်းဖြည်းနဲ့ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးအပြင် နည်းပညာဆိုင်ရာတွေကိုပါ Evolve လုပ်နိုင်မှာဖြစ်ပါတယ်။

Cells ဟာကမ္ဘာကြီးအကြောင်းကိုစိတ်ဝင်စားသူအားလုံးအတွက် အသုံးဝင်စေမဲ့ Application တစ်ခုဖြစ်ပါတယ်။အချက်အလက်တွေအားလုံးကို တခါတည်းချမပြပဲနဲ့ ကစားသူသိချင်စိတ်ကိုပိုပြင်းပြစေအောင် Point တွေစုခိုင်းပြီးမှ တစ်ခုပြီးတစ်ခုပြသတာလေးကလည်း App ကိုပိုပြီးစွဲလန်းစေပါတယ်။ကိုယ်တိုင်မဆော့ရင်တောင်မှ ကိုယ့်ကလေးဖြစ်စေ၊ညီတွေညီမတွေမှာဖြစ်စေ လက်ကိုင်ဖုန်းရှိရင် သွင်းပေးထားသင့်တဲ့ Game လေးတစ်ခုပါ။သိချင်စိတ်ကိုလည်းပြင်းပြစေပြီး ဒီ App တစ်ခုတည်းကနေတောင် ဗဟုသုတအများအပြားရရှိစေတာမလို့ တကယ်ကိုအသုံးဝင်တဲ့ဂိမ်းလေးဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ iOS ဖုန်းများ Download ရယူရန်
သတင်း အရင်းအမြစ်៖ Android ဖုန်းများ Download ရယူရန်