HoYoVerse သို့မဟုတ် miHoYo ဆိုတဲ့နာမည်တွေနဲ့ နာမည်ကြီးတဲ့ Game Developer ဟာ Open World ဂိမ်းတွေထဲမှာအကောင်းဆုံးတွေထဲကတစ်ခုဖြစ်တဲ့ Genshin Impact ကိုဖန်တီးထားတဲ့ Developer ပါ။HoYoVerse ကအခုဂိမ်းအသစ်တစ်ခုကို ထုတ်ပေးဖို့ ပြင်ဆင်နေပါတယ်။ဂိမ်းရဲ့နာမည်က Zenless Zone Zero ဖြစ်ပြီး ဂိမ်းထွက်မဲ့အချိန်ကို countdown လုပ်ပေးထားတာလေးကအရမ်းမိုက်ပါတယ်။

Countdown ကိုလုပ်ထားပုံက စိတ်ဝင်စားစရာကောင်းသလို ကျောလည်းချမ်းချင်စရာပါ။လောလောဆယ်ဂိမ်းအတွက် Website တစ်ခုလုပ်ပေးထားပြီး အထဲဝင်လိုက်တာနဲ့ တီဗွီဟောင်းလေးတစ်လုံးရယ်၊VCR စုံရယ်၊မေလ ၁၃ ရက်နေ့ကိုမှတ်ထားတဲ့ပြက္ခဒိန်လေးရယ်၊ဘေးမှာပိုစတာတွေနဲ့ စင်ပေါ်မှာတင်ထားတဲ့တိပ်ခွေလေးတွေကိုတွေ့ရပါတယ်။
News Flash–
— Zenless Zone Zero (@ZZZ_EN) May 8, 2022
Dear citizens, a sub-Hollow disaster has occurred in the district you are traveling to.
We are playing a special entertainment channel for you to enjoy while you wait. https://t.co/QuXbBvJ7Go
Welcome to _____!#ZZZ pic.twitter.com/JpWlcJ0rBp
တီဗွီကိုဖွင့်ကြည့်လိုက်မယ်ဆိုရင် အမည်းရောင် Doom ကြီးတစ်ခုကို မြို့ကြီးတစ်ခုကိုဝါးမြိုနေတာကို အထူးအရေးကြီးသတင်းအနေနဲ့ ပြထားတဲ့အပြင် အောက်မှာလည်း ဘာသာစကားတစ်မျိုးနဲ့ သတင်းအကြောင်းရေးထားတာကြောင့် ဒီသတင်းဟာဂိမ်းရဲ့ ဇာတ်လမ်းကိုပြထားတာဖြစ်နိုင်တယ်လို့ခန့်မှန်းရပါတယ်။

ဂိမ်းရဲ့အသေးစိတ်အကြောင်းကိုတော့ အသေးစိတ်ထုတ်ပြောထားတာမရှိသေးပေမဲ့ အမျိုးအစားက ACGN-Theme နဲ့ Shooter ဂိမ်းအမျိုးအစားဖြစ်မယ်လို့ သိရပါတယ်။HoYoVerse ဟာလက်ရှိချိန်မှာ Honkai Impact 3,Genshin Impact နဲ့ခုထိမထုတ်ရသေးတဲ့ Genshin Impact ဂိမ်းတို့ကိုထုတ်လုပ်နေပါတယ်။Zenless Zone Zero ဂိမ်းကဘယ် Platform ပေါ်မှာရောက်လာမလဲ၊ဘယ်လိုဂိမ်းအမျိုးအစားဖြစ်မလဲဆိုတာ အသေးစိတ်တွေကိုလာမဲ့ ၁၃ ရက်နေ့မှာမှသိရှိရမှာပါ။