လူသိရှင်ကြား ဟန်းနီးမွန်းသွားခဲ့ကြတဲ့ ကိုရီးယားနာမည်ကြီး စုံတွဲ (၃) တွဲ

//s9.kh1.co/df/dfc9f67c50f0aac61e925bd60431a265362ae2b7.jpeg
အနုပညာရှင်များ

 ၁၈-ပြီ-၂၀၂၂ ၉am · လွန်ခဲ့သော ၄ နှစ် က

ပရိသတ်တွေ အားကျဆုံးသောလေးတွေ ?? .....

Hyun Bin နဲ့ Son Ye-jin 

သရုပ်ဆောင် Hyun Bin နဲ့ Son Ye-jin တို့ဟာ ဧပြီ ၁၁ ရက်က သူတို့ရဲ့ ဟန်းနီးမွန်းကို စတင်ခဲ့ပါတယ်။

Hyun Bin နဲ့ Son Ye-jin တို့က သူတို့ရဲ့ မင်္ဂလာပွဲကျင်းပပြီး ၁၁ ရက်မြောက်နေ့ဖြစ်တဲ့ ဧပြီလ ၁၁ ရက်နေ့က အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေတဆင့် အမေရိကန်ကို ထွက်ခွာခဲ့ကြတာ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=620,h=723,q=100/ed/ed06e2ae9500c9fd8546d778790de099d4ea168f.jpeg

အတွင်းလူတွေရဲ့ ပြောကြားချက်အရ ၎င်းတို့နှစ်ဦးက အမေရိကန်ပြည်ထောင်စုရှိ နယူးယောက်နဲ့ လော့စ်အိန်ဂျလိစ်သို့ သွားရောက်လည်ပတ်မယ်လို့ သိရပေမယ့်လည်း အချိန်ဇယားအတိအကျကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ 

https://s9.kh1.co/__image/w=620,h=931,q=100/99/9929f5d563cd3b13b501a9c93ec03e1235e9f233.jpeg

သူတို့စုံတွဲဟာ လေဆိပ်မှာလည်း သတင်းထောက်တွေကို နှုတ်ဆက်ခဲ့ပါတယ်။ ပရိသတ်တွေရဲ့ အာရုံစိုက်မှုကိုဖမ်းစားနိုင်တာကတော့ သူတို့ရဲ့ ရိုးရှင်းပြီး သပ်ရပ်တဲ့ လေဆိပ်ဖက်ရှင်ပါပဲ။ Hyun Bin နဲ့  Son Ye-jin တို့ကကြိုတင်ပြင်ဆင်ထားတဲ့ အတိုင်း သပ်ရပ်လှပတဲ့ ဒီဇိုင်းတွေနဲ့ ၀တ်စုံတွေကို ရွေးချယ်ခဲ့ကြပါတယ်။ 

https://s9.kh1.co/__image/w=620,h=942,q=100/1a/1a9b02dede66ffc216a75b402d8a67848ea7f979.jpeg

Hyun Bin ကတော့ အနက်ရောင်အောက်ခံအင်္ကျီအဖြူရောင်တီရှပ်ကို ဝတ်ဆင်ခဲ့ပြီး Son Ye-jin ကတော့ အရောင်ဖျော့ဖျော့ဂျင်းဘောင်းဘီ၊ အဖြူရောင်တီရှပ်တစ်ထည်နဲ့ နို့နှစ်ရောင်ဂျာကင်အင်္ကျီတို့နှင့်အတူ စတိုင်လ်ကျတဲ့ဖက်ရှင်ကို ရွေးချယ်ဝတ်ဆင်ခဲ့ပါတယ်။ 

Rain နဲ့ Kim Tae-hee 

2017 ခုနှစ်မှာတော့ အဆိုတော် Rain နဲ့ မင်းသမီး Kim Tae-hee တို့စုံတွဲကတော့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကို ဟန်းနီးမွန်းထွက်ခဲ့ပါတယ်။ နှစ်ယောက်သား အတူတူ ကားပေါ်က ဆင်းပြီး ရိုမန်တစ်ဆန်ဆန် တစ်ယောက်နဲ့ တစ်ယောက်လက်ကို တင်းတင်း ဆုပ်ကိုင်ထားကြပါတယ်။ 

https://s9.kh1.co/__image/w=530,h=823,q=100/76/76160422176160681cd35e0615ac4bf959f5bfda.jpeg

Rain က နေကာမျက်မှန်တပ်ထားပြီး အနက်ရောင်ဖက်ရှင်ကို ၀တ်ဆင်ထားကာ Tae-hee ကတော့ အနက်ရောင်ဘောင်းဘီနဲ့  အင်္ကျီအဖြူကို တွဲဖက်ဝတ်ဆင်ထားပါတယ်။ သတင်းထောက်တွေနဲ့ ပရိသတ်တွေက သူတို့စုံတွဲကိုတွေ့ဖို့ လာခဲ့ကြတဲ့အတွက် လေဆိပ်ဟာ လုံးဝကို လူအပြည့်နဲ့ စည်ကားနေခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=610,h=801,q=100/d3/d35e2fa1a633715628e5f15af33a1d9f76d75eef.jpeg

နှစ်ယောက်သားက သတင်းထောက်တွေရှေ့မှာ ခဏရပ်လိုက်ပြီး မထွက်ခင်မှာ ပြုံးပြပြီး ကျေးဇူးတင်စကား ဆိုခဲ့ကြတယ်။

https://s9.kh1.co/__image/w=530,h=658,q=100/5e/5e72dace284085a63102548196e3bf9c34a9731a.jpeg

Lee Byung-hun နဲ့ Lee Min-jung

မင်းသား Lee Byung-hun နဲ့ မင်းသမီး Lee Min-jung တို့ရဲ့ ဟန်းနီးမွန်းခရီးစဉ်ကတော့ 2013 ခုနှစ်မှာ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ တစ်ဆင့် မော်လဒိုက်သို့သွားခဲ့ကြပါတယ်။ 

https://s9.kh1.co/__image/w=530,h=827,q=100/4b/4b3c15e79834d452fdf9d89278c4790cdf382559.jpeg

သူတို့စုံတွဲဟာ လေဆိပ်မှာ တစ်ယောက်နဲ့ တစ်ယောက် လက်တွဲပြီးသတင်းထောက်တွေကို ချစ်ခင်စွာ နှုတ်ဆက်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=646,q=100/0c/0ca59903cf074000586223de12080407e31a5405.jpeg

 Lee Byung-hun ဟာ အင်္ကျီအကွက်နဲ့ ဂျင်းဘောင်းဘီကို ၀တ်ဆင်ထားချိန်မှာတော့ Lee Min-jung က အင်္ကျီအဖြူနဲ့ ဘောင်းဘီတို့ကို ဝတ်ဆင်ပြီး Free StyleFashion တွေနဲ့ ဆွဲဆောင်မှုရှိနေကြပါတယ်။ 

https://s9.kh1.co/__image/w=530,h=766,q=100/93/930de5aed55479fdd8821ab518d0cfdc3ff7905f.jpeg
https://s9.kh1.co/__image/w=650,h=454,q=100/93/9360014880da1b4d47262b40bf73bb1c94509a08.jpeg

Photo Credit & Source: KBIzoom

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T