၂၀၂၂ မတ်လမှာ ကြည့်ရမယ့် ကိုရီးယားဇာတ်လမ်းတွဲ ၆ ခု

//s9.kh1.co/7f/7f4aa7cfbe7edaaf451dc0a2f0ac515c3167e9ad.jpg
အနုပညာရှင်များ

 ၁၆-ပြီ-၂၀၂၂ ၇pm · လွန်ခဲ့သော ၄ နှစ် က

၂၀၂၂ မတ်လမှာ ကြည့်ရမယ့် ကိုရီးယားဇာတ်လမ်းတွဲ ၆ ခု

ဖေဖော်ဝါရီလမှာ ပြသနေဆဲ ဇာတ်လမ်းကောင်းတွေက Twenty-Five, Twenty-One နဲ့ Thirty Nine တို့ ဖြစ်ပါတယ်။ နှစ်ခုက မတူညီတဲ့ အချိန်ကာလနဲ့ အသက်အရွယ်တွေကို ရိုက်ကူးထားပေမဲ့ သူငယ်ချင်းသံယောဇဥ်အကြောင်း အသားပေးထားတဲ့ ဇာတ်ကားတွေပဲမို့ ကြည့်ရတာ ကြည်နူးစရာလေးတွေပါ။

https://s9.kh1.co/__image/w=650,h=949,q=100/0c/0cd0923903727b29736ca672eee943388ddf70da.jpg

1. Crazy Love 

မင်းသား ကင်ဂျယ်ဝွတ်နဲ့ မင်းသမီး Krystal ဂျန်တို့ ပါဝင်မှာပါ။ အပိုင်း ၁၆ ပိုင်း ရှိမှာဖြစ်ပြီး မင်းသားရော မင်းသမီးရောက အသက်ရှင်ဖို့အချိန် သိပ်မကျန်တော့ဘူးလို့ သိလိုက်ရတဲ့ အချိန်မှာ နှစ်ယောက်သား စေ့စပ်ဖို့ လုပ်ရင်း ဖြစ်လာတဲ့ ဇာတ်လမ်းလေးတွေကို ကြည့်ရမှာပါ။

https://s9.kh1.co/__image/w=650,h=921,q=100/13/13a3c17a93ac47b9f3a23eb11834eeb113b82807.jpg

2. Kill Heel

ဒီကားလေးကတော့ အလုပ်သရဲ မမတွေ အပြိုင်အဆိုင် ကြိုးစားပြတဲ့အကြောင်းပါ။ အွန်လိုင်းရှော့ပင်းစျေးကွက်မှာ အသီးသီးအောင်မြင်နေတဲ့ အမျိုးသမီး ၃ ယောက်အနေနဲ့ သရုပ်ဆောင်သွားမှာက ဝါရင့်မင်းသမီးကြီး ဖြစ်တဲ့ ကင်ဟာနူးရယ်၊ အပြိုင်ဇာတ်လိုက်အနေနဲ့ လီဟယ်ယောင်းနဲ့ ကင်ဆန်ရွန်းရယ် ဖြစ်ပါတယ်။ သူလည်း အပိုင်း ၁၆ ပိုင်း ပါဝင်မှာပါ။

https://s9.kh1.co/__image/w=650,h=922,q=100/d8/d80d5c97621846b8063a83549eff381eda14a822.jpg

3. A Superior Day

ဒါကတော့ အပေါ် ၂ ကားနဲ့ မတူဘဲ စိတ်လှုပ်ရှားစရာ စိတ္တဇလူသတ်သမား အကြောင်း ရိုက်ထားတာပါ။ လီဟိုချော လို့ ခေါ်တဲ့ အမျိုးသားကြီးဟာ မီးသတ်သမားအနေနဲ့ အလုပ်လုပ်တဲ့ သာမန်လူတစ်ယောက်ပါ။ တစ်နေ့မှာ သူဟာ စိတ္တဇ လူသတ်သမားတစ်ယောက်ရယ်၊ ကြေးစားလူသတ်သမားတစ်ယောက်ရယ်နဲ့ ပတ်သက်မိသွားရာက ဘယ်လိုဇာတ်လမ်းလေး ဆက်ဖြစ်လာမလဲ ဆိုတာတော့ စောင့်ကြည့်လိုက်ပါနော်။ မင်းသားက Jin Goo ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/dd/dd1fca4309021dbd9f6a0d1026cf282e3e90cadd.jpg

4. Pachinko 

နယူးယော့တိုင်းမ်စ်ရဲ့ အရောင်းရဆုံး စာအုပ်စာရင်းဝင် Pachinko ကို ပြန်ရိုက်ထားပြီး မင်းသား လီမင်ဟို ပါဝင်ထားပါတယ်။ ကိုရီးယား၊ ဂျပန်၊ အင်္ဂလိပ် ဘာသာစကား ၃ မျိုးနဲ့ ထုတ်လွှင့်သွားမှာပါ။ ဂျပန်မှာ နေထိုင်ခဲ့တဲ့ ကိုရီးယားလူမျိုးတွေ ခွဲခြားဆက်ဆံခံရတဲ့ တကယ့်အဖြစ်အပျက်တွေကို ရိုက်ကူးထားတဲ့ သမိုင်းကြောင်း ရုပ်ရှင်ကြီးမို့ လက်လွတ်ခံလို့ မဖြစ်တဲ့ ဇာတ်လမ်းတွဲပါ။

https://s9.kh1.co/__image/w=650,h=926,q=100/47/473b6199e3b8359340015419d5c23d05fef97ece.jpg

5. Tomorrow

ဒါလေးကလည်း စိတ်ဝင်စားစရာ သိပ္ပံစိတ်ကူးယဥ် အက်ရှင်ကားလေးပါ။ အပိုင်း ၁၆ ပိုင်း ရှိပြီး မင်းသား မင်းသမီးတွေအနေနဲ့ Rowoon, ကင်ဟီဆွန်း, လီဆိုဟျွတ် နဲ့ ယွန်းဂျီတို့ ပါဝင်ထားပါတယ်။ ဇာတ်အိမ်လေးကတော့ ချွဲဂျွန်ဝန်းလို့ ခေါ်တဲ့ ကောင်လေးဟာ သေမင်းတမန်တွေနဲ့ အမှတ်မထင် တွေ့မိတာကို အခြေခံထားပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/65/656f538e836288b379245290efffe81fe0622dfa.jpg

6. Soundtrack #1

ဒီကားကတော့ အပိုင်း ၄ ပိုင်းပဲ ရှိတဲ့ musical ဒရာမာ ဖြစ်ပါတယ်။ ဟန်ဆိုဟီးက ဟန်မဆောင်တတ်တဲ့ တုတ်ထိုးအိုးပေါက် တေးရေးဆရာမ အနေနဲ့ သရုပ်ဆောင်ထားပြီး မင်းသားကတော့ သဘောကောင်းတဲ့ ဓာတ်ပုံဆရာပေါက်စလေးပါ။ သူတို့က အနှစ် ၂၀ ကျော်ကြာ ခင်ခဲ့တဲ့ သူငယ်ချင်းတွေ ဖြစ်ပေမဲ့ အကြောင်းတစ်ခုကြောင့် ၂ ပတ်လောက် တစ်အိမ်တည်း နေလိုက်ရာကနေ ခံစားချက်တွေ ပေါ်ပေါက်လာတာပါ။ ငြိမ့်ငြိမ့်ညောင်းညောင်းလေး ကြည့်ချင်ရင် ဒါလေးကိုသာ ရွေးနော်။

Ref : https://www.pinkvilla.com/entertainment/6-k-dramas-we-re-looking-forward-march-2022-featuring-soundtrack-1-pachinko-1034635

Tina Admin
Tina

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T