ဆိုရှယ်မီဒီယာသုံးရတာမကြိုက်ပေမယ့် ကောင်မလေးရဲ့ အကောင့်အောက်မှာ အမြဲရှိနေတဲ့ ဖိလစ်ပိုင်မင်းသား Daniel Padilla

//s9.kh1.co/92/922087196a0d542cd0d75f667bef12688feed8ca.jpg
အနုပညာရှင်များ

 ၁၆-ပြီ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ဆိုရှယ်မီဒီယာသုံးရတာမကြိုက်ပေမယ့် ကောင်မလေးရဲ့အကောင့်အောက်မှာ အမြဲရှိနေတဲ့ ဖိလစ်ပိုင်မင်းသား Daniel Padilla

ကမ္ဘာကျော်ဖိလစ်ပိုင်စုံတွဲလေးဖြစ်တဲ့ Kathryn Bernardo နဲ့ Daniel Padilla စုံတွဲလေးဟာဆိုရင် မသိတဲ့လူမရှိရလောက်အောင်ကို လူတိုင်းအားကျရတဲ့ စုံတွဲလေးဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=429,q=100/ba/bac164ca63dc6f97512cd51fa62af7d8c5fb7206.jpg

လိုက်ဖက်မှုရှိပြီးဘယ်အချိန်ကြည့်ကြည့် ချစ်ဖို့ကောင်းနေတဲ့ Kathryn Bernardo နဲ့ Daniel Padilla စုံတွဲလေးဟာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုကလည်း အပြည့်ပါပဲ။

https://s9.kh1.co/__image/w=650,h=432,q=100/d6/d6437619ff8e7715cc2bc8a51e584830ebfec91b.jpg

Kathryn Bernardo က မိန်းကလေး ပီပီ ဆိုရှယ်မီဒီယာပေါ်မှာ ဓာတ်ပုံလေးတွေ မကြာခဏတင်ရတာ ကြိုက်ပေမယ့် Daniel Padilla ကတော့ မဟုတ်ပါဘူး။

https://s9.kh1.co/__image/w=431,h=600,q=100/da/daab9f59599cdce199c8327ccc20836585a19704.jpg

သူက ဆိုရှယ်မီဒီယာသုံးရတာ မကြိုက်ဘူးဆိုတာ အင်တာဗျူးတွေမှာလည်း ဖြေဖူးပါတယ်။ ဒါပေမယ့်လည်း သူ့ကောင်မလေးဓာတ်ပုံတွေ အောက်မှာတော့ Daniel Padilla တစ်ယောက်အမြဲရှိနေပါတယ်။

https://s9.kh1.co/__image/w=650,h=910,q=100/06/06863ae26bd8fa6fc8f8e20d855d60a820304e66.jpg

Daniel Padilla ဟာ သူ သူ့ကောင်မလေးကို ဘယ်လောက်ချစ်သလဲဆိုတာကို ကမ္ဘာကြီးကိုပြောဖို့အတွက် ဘယ်တော့မှ တုံ့ဆိုင်းမနေတတ်တဲ့သူလည်းဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ ချစ်သူသက်တမ်းဟာဆိုရင်လည်း အခုဆိုရင် ဆယ်စုနှစ်တစ်ခုကျော်အထိ ရှိသွားပြီပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=448,h=600,q=100/7e/7e01d076b66cc624d585db5abb524f8aa86417b6.jpg

အချိန်ကာလကြာ လက်မထပ်ဘဲ ချစ်သူရည်းစားဘဝနဲ့ပဲ ရိုပြီးရင်းရိုနေကြတဲ့ သူတို့အတွဲလေး ပျက်သွားမှာ စိုးရိမ်နေကြတဲ့ ပရိသတ်တွေလည်း အများကြီးပါပဲ။

https://s9.kh1.co/__image/w=436,h=600,q=100/ac/ac76506ae5fdd782ba9c9f616f3bb4fb4ad229d1.jpg

ဒါပေမယ့် သူတို့အတွဲလေးက အချစ်ရဲ့ သင်္ကေတ တစ်ခုလိုမျိုး ဖြစ်နေတာကြောင့် ပျက်မယ်လို့တော့ မထင်ပါဘူး။ အရမ်းချစ်ဖို့ကောင်းတဲ့အတွဲလေး အမြန်ဆုံးလက်ထပ်ကြဖို့လည်း မျှော်လင့်နေပါတယ်နော်။

Source - Instagram, Google

Image – Instagram, Google

Tina Admin
Tina

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T