ငယ်စဥ်က ကလေးသရုပ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် ငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းကိုပီပြင်လွန်းတဲ့အတွက် ပရိတ်သတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိခဲ့သူလေးကတော့ သရုပ်ဆောင် ဟဲဗီးဖြိုး ပါပဲ။


ဟဲဗီးဖြိုး ဟာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဇာတ်ကားတိုင်းမှာ ပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့အတွက် ပရိတ်သတ်ရဲ့ အားပေးမှုကို ယနေ့ထိတိုင်ရရှိခဲ့သူဖြစ်ပါတယ်။


ဒီကနေ့ ဧပြီ(၁၂)ရက်နေ့ဟာ ဟဲဗီးဖြိုး ရဲ့ အသက်(၂၆)နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ ဟဲဗီးဖြိုးတစ်ယောက် ဒီကနေ့မှစ နောင်နှစ်ပေါင်းများစွာ ကျန်းမာချမ်းသာစွာနဲ့ အမြဲပျော်ရွှင်နိုင်ပါစေ လို့ ဆုတောင်းလိုက်ပါတယ်။




