နိုင်ငံကျော် သရုပ်ဆောင် မင်းသားနေတိုးကတော့ အနုပညာသက်တမ်းတစ်လျှောက်မှာ အချစ်ရေးနဲ့ ပတ်သက်ပြီးသိုဝှက်ထားတာ ဖြစ်ပြီး 2022 ခုနှစ်မှ ရုတ်တရက် မင်္ဂလာဆောင်သွားတာကြောင့် ပရိသတ်တွေက အံ့ဩနေကြတာ ဖြစ်ပါတယ်။


နေတိုးက သူရဲ့ ချစ်သူရခိုင်မလေး မသဲစုမြတ်ရွှေ နဲ့ ဖေဖော်ဝါရီလ (၅) က မင်္ဂလာလက်မှတ် ရေးထိုးလိုက်ကြပြီပဲဖြစ်ပါတယ်။ သူရဲ့လက်ထပ်ပွဲလေးဟာလည်း ကြီးကျယ်ခမ်းနားစွာမလုပ်ခဲ့ပဲ ရင်းနှီးတဲ့သူတွေနဲ့သာ အကျဉ်းချုံးလုပ်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ လက်ထပ်ပွဲလေးဟာ ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပြီး ပရိသတ်တွေ အားကျခဲ့ရတာ ဖြစ်ပါတယ်။


ခုမှာတော့ သူတို့ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးခြင်းနဲ့ မင်္ဂလာဦးဆွမ်းကျွေးအခမ်းအနားက Video လေးထွက်ပေါ်လာပါတယ်။ မြင်သူတိုင်း အားကျရအောင် ကြည့်နူးစရာတဲ့ ကောင်းလွန်းတာကြောင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

