လက်ရှိမှာ သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်၊သရုပ်ဆောင် စန္ဒီမြင့်လွင်ကတော့ အနုပညာနယ်မှာ နေရာတစ်နေရာကို အခိုင်အမာရယူထားတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။ သူမရဲ့ တစ်ဦးတည်သော သမီးလေး ထရက်ရှာလေးကတော့ တစ်နေ့တခြား မျက်စိအောက်ကနေ အရွယ်လေး ရောက်လာတာနဲ့အမျှ ပရိသတ်တွေရဲ့ အချစ်တွေကိုလည်း ပိုပြီး ရရှိလာတာ တွေ့ရပါတယ်။


လူကြီးလေးလို အိုင်တင်လေးတွေလုပ်ပြတတ်တဲ့ ထရက်ရှာလေးဟာ မေမေစန္ဒီမြင့်လွင် နဲ့အတူ ယခုနောက်ပိုင်းမှာ Photo Shooting တွေအပြင် ကြော်ငြာလေးတွေတောင် ရိုက်ကူးနေရပြီဖြစ်ပါတယ်။ မကြာခဏဆိုရင်လည်း ဖေဖေ၊မေမေ တို့က သမီးလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ လှုပ်ရှားမှုတွေကို ဗီဒီယိုလေးတွေရိုက်ကူးပြီး ပရိသတ်တွေ ချစ်အားပိုအောင် ဖော်ပြပေးတာ တွေ့ရပါတယ်။ ယခုမှာလည်း ဖေဖေက ထရက်ရှာလေးရဲ့ ချစ်စရာ ဗီဒီယိုဖိုင်တစ်ခုကို ဖော်ပြလာခဲ့ပါတယ်။


ဒါကတော့ ဖေဖေ၊မေမေ တို့က သမီးလေး ထရက်ရှာလေးကို ပထမဆုံး ရွှေတိဂုံဘုရား ဖူးမြော်ရအောင် လိုက်ပို့ပေးခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုလေးထဲမှာတော့ ထရက်ရှာလေးက ပျော်ရွှင်ကြည်နူးကာ အရွယ်နဲ့မလိုက်အောင် ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ ထရက်ရှာလေးရဲ့ ပျော်ရွှင်နေတဲ့ ပုံစံလေးဟာ ချစ်စရာကောင်းတာကြောင့် ပရိသတ်တွေလည်း ချစ်အားပိုအောင် ဗီဒီယိုလေးကို ပြန်လည်ကူးယူပြီး ဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Source - Thiha leo





