အသက် ၂၉ နှစ်ပြည့် မွေးနေ့ရက်မြတ်လေးမှာ ကုသိုလ်ကောင်းမှု အလှူအတန်းလေးတွေနဲ့ ကြည်နူးစရာ ဖြတ်သန်းခဲ့တဲ့ ပိုးအိအိခန့်

//s9.kh1.co/db/db199c73b419cff9c5a67c9d140b9fbbcbdde325.jpg
အနုပညာရှင်များ

 ၀၈-ပြီ-၂၀၂၂ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

Music video တွေထဲမှာ စတင်သရုပ်ဆောင်ရင်း အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းခဲ့တဲ့သူကတော့ မင်းသမီးချောလေး ပိုးအိအိခန့်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပိုးအိအိခန့်ဟာ ​မြန်မာ့ဂုဏ်ဆောင်ဘောလုံးသမားအောင်သူနဲ့ သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားပြီး ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေထိုင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ချစ်စရာကောင်းတဲ့ သူမရဲ့ သားလေး သဲကိုးလေးကလည်း ပါးဖောင်းဖောင်းနဲ့ တစ်နေ့တခြား အရွယ်ရောက်လာတာ တွေ့ရပါတယ်။

Photo Credit - Poe Ei Ei Khant
Photo Credit - Poe Ei Ei Khant
Photo Credit - Poe Ei Ei Khant
Photo Credit - Poe Ei Ei Khant
Photo Credit - Poe Ei Ei Khant
Photo Credit - Poe Ei Ei Khant

ပိုးအိအိခန့် ဟာ လူငယ်တစ်ယောက်ဖြစ်နေပေမယ့်လည်း ဘာသာတရား အလွန်းကိုင်းရှိုင်းသူ ဖြစ်တာနဲ့အညီ အလှူအတန်းတွေကိုလည်း သဒ္ဒါတရားထက်သန်စွာ လှူဒါန်းပေးသူပဲ ဖြစ်ပါတယ်။ ဧပြီးလ ၇ ရက် ယမန်နေ့ ကတော့ ပရိသတ်တွေချစ်တဲ့ ပိုးအိအိခန့်ဟာ အသက် ၂၉ နှစ်ပြည့် မွေးနေ့လေးကို ကျရောက်ခဲ့ပါတယ်။ ကြည်နူးစရာကောင်းတာကတော့ မွေးနေ့လေးမှာ သူမက ကုသိုလ်ကောင်းမှု အလှူအတန်းလေးတွေနဲ့ ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်။

Photo Credit - Poe Ei Ei Khant
Photo Credit - Poe Ei Ei Khant
Photo Credit - Poe Ei Ei Khant
Photo Credit - Poe Ei Ei Khant
Photo Credit - Poe Ei Ei Khant
Photo Credit - Poe Ei Ei Khant
Photo Credit - Poe Ei Ei Khant
Photo Credit - Poe Ei Ei Khant

ကောင်းမှုကုသိုလ် အလှူလေးဖြစ် YGW ပရဟိတမိဘမဲ့ကျောင်းမှာ အာရုံဆွမ်း အဟာရဒါနလှူဒါန်းခြင်း ၊ ရိပ်သာရှိ ဘိုဘွားတွေအတွက် အဟာရဒါနနှင့် ဆေးဝါးများလှူဒါန်းခြင်း အပြင် ပုဂံရှိ အလိုတော်ပြည့် ဘုရားမှာ ဆွမ်းတော် ၁၀၀၀ ၊ ဆီမီး ၁၀၀၀ ၊ ပန်း ၁၀၀၀ နှင့် ရေချမ်းစေတီတော် ၁၀၈ ဆူကို သဒ္ဒါတရားထက်သန်စွာ လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ ပြုလုပ်ခဲ့တဲ့ မွေးနေ့အလှူလေးကလည်း တကယ့်ကို ကြည်နူးပီတိဖြစ်စရာ ကောင်းတာကြောင့် ပရိသတ်တွေကလည်း ပိုးအိအိခန့် အတွက် မွေးနေ့ဆုတောင်းစကားတွေ ပြောပေးခဲ့ပါဦးနော်...။

Photo Credit - Poe Ei Ei Khant
Photo Credit - Poe Ei Ei Khant
Photo Credit - Poe Ei Ei Khant
Photo Credit - Poe Ei Ei Khant

သတင်း အရင်းအမြစ် Source - Poe Ei Ei Khant

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T