ကြည်လင်တောက်ပတဲ့ အပြုံး ၊ စူးရှကြည်လင်တဲ့ မျက်ဝန်းတစ်စုံ ၊ မိမိုက်တောင့်ဖြောင့်တဲ့ ခန္ဓာကိုယ် ၊ မျက်နှာမြင်ချစ်ခင်ပါစေ ဆိုတဲ့ ဆုနဲ့ ပြည့်စုံသူကတော့ မြန်မာကသာမက ကမ္ဘာကပါ ချစ်ကြတဲ့ ပြည်သူ့မင်းသား ပိုင်တံခွန်ပါပဲ။ ပိုင်တံခွန် ဟာ နိုင်ငံရေးလှုပ်ရှားမှုများမှာပါဝင်ခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရပြီး သိပ်မကြာခင် ကာလက မှ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။


ပိုင်တံခွန် ပြန်လည်လွတ်မြောက်လာခြင်းအပေါ် မြန်မာတွင်သာမက နိုင်ငံတကာကပရိတ်သတ်တွေကလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ကြပါတယ်။ အခုနောက်ပိုင်း ပွဲတွေပြန်လည်တက်ရောက်နေတဲ့အပေါ်ကိုလည်း ပရိတ်သတ်တွေက ဆက်လက်အားပေးချစ်ခင်နေကြဆဲဖြစ်ပါတယ်။ သို့ပေမယ့် ဒီကနေ့ မနက်မှာ ပိုင်တံခွန်ဟာ သူ့ရဲ့ခံစားချက်အချို့နဲ့အတူ ကြေညာချက်တစ်ခုကို ပရိတ်သတ် ထံ အသိပေးလာခဲ့ပါတယ်။


အဲ့တာကတော့ ပိုင်တံခွန်အနေနဲ့ လက်ခံထားတဲ့ ပွဲတက်မှန်သမျှကို ဖျက်သိမ်းလိုက်ပြီဆိုတဲ့သတင်းပါပဲ။ ဒါ့အပြင် ဒီကနေ့ ဧပြီ(၈)ရက်နေ့ဟာ ပိုင်တံခွန် ဖမ်းဆီးခံရခြင်းတစ်နှစ်ပြည့်တဲ့နေ့ပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ် (၂၀၂၁)ခုနှစ် ၊ ဧပြီလ (၈)ရက်နေ့ ၊ မနက်(၄)နာရီ က ပိုင်တံခွန်တစ်ယောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး တစ်နှစ်နီးပါး ကြာခဲ့တယ်ဆိုပါတယ်။ ပိုင်တံခွန်အနေနဲ့ ပွဲတက်များကိုဖျက်သိမ်းခဲ့ရခြင်းဟာ သူ့ထက်ပိုခက်ခဲကျပ်တည်းတဲ့သူတွေကိုအားနာလို့လို့ ဆိုလာပါသေးတယ်။ တကယ်ကို စိတ်နှလုံးလှလွန်းတဲ့ ကိုပိုင်တံခွန်ကို အရင်ထက်ပိုအားပေးဖို့ မမေ့ကြပါနဲ့နော် ။










