ဒီကနေ့မှာ ကျရောက်တဲ့ မွေးနေ့ရက်မြတ်လေးမှာ အလိုချင်ဆုံး ဆုတစ်ခုကို တောင်းဆုပန်ခဲ့တဲ့ မေကဗျာ

//s9.kh1.co/2b/2b5ce1851e8d0a8cbde1ac1dd7cc660cefc88bea.jpg
အနုပညာရှင်များ

 ၀၈-ပြီ-၂၀၂၂ ၈am · လွန်ခဲ့သော ၃ နှစ် က

.

မင်းသမီး မေကဗျာ ကတော့ တစ်ခေတ်တခါကတည်းက အနုပညာနယ်မှာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းလာခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝ ရရှိနေတဲ့ မေကဗျာဟာ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကိုသာ ကြိုးကြိုးစားစားနဲ့ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘာသာတရားကို အထူးကိုင်းရှိုင်းသူ ဖြစ်တာနဲ့အညီ အလှူအတန်းတွေ လုပ်ရင်လည်း သဒ္ဒါတရားထက်သန်စွာ လှူဒါန်းပေးတာ တွေ့ရပါတယ်။

Photo Credit - May Kabyar
Photo Credit - May Kabyar
Photo Credit - May Kabyar
Photo Credit - May Kabyar

မေကဗျာဟာ အသက်အရွယ် ရလာပေမယ့်လည်း ယနေ့အချိန်ထိ ရှိရင်းစွဲအသက်ထက် ငယ်ရွယ်နုပျိုနေပြီး ဆယ်ကျော်သက်လေးတစ်ယောက်လို လွတ်လပ်ပေါ့ပါးနေတုန်းပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပရိသတ်တွေရဲ့ အချစ်တော် မေကဗျာရဲ့အသက် ၃၈ နှစ်ပြည့် မွေးနေ့ရက်မြတ်လေးကို ကျရောက်ခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit - May Kabyar
Photo Credit - May Kabyar
Photo Credit - May Kabyar
Photo Credit - May Kabyar

ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့ရက်မြတ်လေးကို ကျရောက်လာတဲ့အတွက် မိခင်ဖြစ်သူကို အရင်ဦးဆုံး ဦးခိုက်ထားသလို ပရိသတ်တွေအပါအဝင် ချစ်ရတဲ့ မိတ်ဆွေ၊သူငယ်ချင်းတွေကို ကျေးဇူးတင်စကား ဆိုထားခဲ့တာတွေ့ရပါတယ်။ ဒါ့အပြင် မေကဗျာက သူမ အလိုချင်ဆုံး ဆုတစ်ခုကိုလည်း တောင်းဆုပန်ထားခဲ့ပါသေးတယ်။ ကဲ...ပရိသတ်ကြီးရေ အသက် ၃၈ နှစ် ပြည့်သွားပြီဖြစ်တဲ့ မေကဗျာကို မွေးနေ့ဆုတောင်းစကားတွေ ပြောပေးခဲ့ပါဦးနော်....။

https://s9.kh1.co/__image/w=600,h=513,q=100/a6/a65e6ca08f04a0ae43e61828dbe96ed023988a45.jpg

သတင်း အရင်းအမြစ် Source - May Kabyar

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T