ထိုင်းနိုင်ငံမှာ မိန်းမလှလေးတစ်ယောက်နဲ့ တူလွန်းတာကြောင့် နာမည်ကြီး လူစိတ်ဝင်စားမှုများနေတဲ့ ထိုင်း လိင်ပြောင်း မိန်းမလှလေး Nara Anivat Prathumthin ဟာ ၂၀၂၂ခုနှစ်အတွက် ထိုင်းစစ်တပ်မှာ စစ်မှုထမ်းဆောင်ဖို့ ခရီးထွက်ခွာခဲ့ပြီလို့ သိရပါတယ်။


Nara Anivat Prathumthin ဟာ မိန်းမသားတစ်ယောက်နဲ့ တူလှတဲ့ ထိုင်းလိင်ပြောင်း မိန်းမလှလေး ဖြစ်ပေမယ့် မိန်းကလေး တစ်ယောက်လိုမျိုး နုယွမနေဘဲ ယောကျာ်းလေးတစ်ယောက်လိုမျိုး စစ်မှုထမ်းဆောင်ဖို့ ရွေးချယ်ခဲ့တဲ့ အတွက် လူအများရဲ့ ချီးကျူးခြင်းကို ခံထားရပါတယ်။


Nara Anivat Prathumthin ဟာ စစ်မှုထမ်းဆောင်ဖို့ သွားရောက်ခဲ့စဉ်မှာလည်း မိန်းကလေးတစ်ယောက်လို သပ်သပ်ရပ်ရပ် ဂါဝန်ကလေး ဝတ်ဆင်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် သူမကို အဝတ်အစား ပြန်ပြောင်းလဲပေးဖို့ တိုက်တွန်းခံခဲ့တာကြောင့် အဝတ်အစား ပြန်ပြောင်း ဝတ်ဆင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ချောမောလှပတဲ့ ရုပ်ရည်နဲ့ ထိုင်းလိင်ပြောင်းမိန်းမလှလေး Nara Anivat Prathumthin တစ်ယောက် ထိုင်းစစ်တပ်ထဲမှာ စစ်မှုထမ်းဆောင်ဖို့ အချက်အလတ် အရည်အချင်း အဆင်သတ်မှတ်ချက် အဆင့် ၃ နဲ့ ၃ နှစ်တာ စစ်မှုထမ်းဆောင်ဖို့ တာဝန်ပေးအပ်ခြင်း ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
Source - ဘန်ကေါက်လမ်းညွန် ကိုစိုင်း





