J fire ရဲ့ သင်္ကြန် သီချင်း အသစ် MVထဲမှာ မျက်နှာအမူအယာ မကောင်းတဲ့ အကြောင်းအရင်းကို ဖြေရှင်းလာတဲ့ ခိုင်မြဲသစ္စာ

//s9.kh1.co/3c/3c83fb2c03cb8e8befefd0fe1034d00279e4a9bc.jpg
အနုပညာရှင်များ

 ၀၇-ပြီ-၂၀၂၂ ၉am · လွန်ခဲ့သော ၃ နှစ် က

J fire ရဲ့ သင်္ကြန် သီချင်း အသစ် MVထဲမှာ မျက်နှာအမူအယာ မကောင်းတဲ့ အကြောင်းအရင်းကို ဖြေရှင်းလာတဲ့ ခိုင်မြဲသစ္စာ

အဆိုတော် ခိုင်မြဲသစ္စာဟာ မကြာသေးမီက ထွက်ရှိလာခဲ့တဲ့ J fire နဲ့ အတူ သီဆိုထားတဲ့ “ရွှင်လန်းကာ စိတ်ချမ်းသာကြစေ” သင်္ကြန် သီချင်းအသစ် MV ထဲမှာ သူမရဲ့ မျက်နှာ အမူအယာမကောင်းတာနဲ့ ပတ်သတ်ပြီး ရှင်းပြပေးလာခဲ့ပါတယ်။ အဆိုမလေး ခိုင်မြဲသစ္စာဟာ MV ရောက်ဖို့ တစ်ပတ်အလိုမှာ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ သွေးကြောမျှင် ပြတ်တောက်မှု ဖြစ်လို့ ဆေးကုသမှု ခံခဲ့ရတယ်လို့ သိရပါတယ်။ ဖြစ်စဉ် အကျဉ်းနဲ့ ပတ်သတ်ပြီး အဆိုတော်မလေး ခိုင်မြဲသစ္စာက အခုလို ရှင်းပြပေးထားပါတယ်။

Khaine Myael Thitsar's Facebook
Khaine Myael Thitsar's Facebook

“အသံလေးဘဲနားဆင်ခံစားပေးပါနော် တျဲလေးတို့

ဟုတ်တယ် လူကတော့ ရုပ်တော်တော်ဆိုးနေလို့ပါရှင့်?

ခိုင်မြဲ Mv ရိုက်ကူးမဲ့ရက်ရောက်ဖို့ တပတ်အလိုမှာ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ သွေးကြောမျှင်ပြတ်တောက်မှုဖြစ်လို့ ဆေးကုသမှူခံယူခဲ့ရပါတယ်

ဓမ္မတာဖြစ်နေစဉ် ဆိုင်မှာဆံပင်ခေါင်းလျှော်ပေါင်းတင် နားဆေးလုပ်ခဲ့တယ်....အခါတိုင်းလည်းလုပ်နေကြပါဘဲ ...

Khaine Myael Thitsar's Facebook
Khaine Myael Thitsar's Facebook
Khaine Myael Thitsar's Facebook<br>
Khaine Myael Thitsar's Facebook

ညရောက်တော့ ဦးခေါင်းနှောက်စေ့နဲ့ ခေါင်းညာဘက်တခြမ်း ညာနားတဖက် မခံမရပ်နိုင်အောင်ထိုးကိုက်တာခံစားရပါတယ်(အရင်ထဲက အာရုံကြောအားနည်းပီး ခေါင်းနဲ့မျက်ရိုးအမြဲတမ်းကိုက်တတ်သူမို့ ခုလည်းပုံမှန်ကိုက်တာနေမှာဘဲထင်ခဲ့တာ)

နောက်မနက်မှာ ခေါင်တခြမ်းနဲ့မျက်နှာတခြမ်းအရမ်းတင်းနေတယ် မျက်တောင်ခတ်မရ ပြုံးမရတော့ပါဘူး ဆရာဝန်ပြတော့မှ ဦးနှောက်အာရုံကြောအအေးပတ်သွားတာကြောင့် ဦးခေါင်းနောက်စိကသွေးကြောမျှင်ငယ်လေးအချိူ့ပြတ်တောက်သွားပီး မျက်နှာတခြမ်းသွေးလည်ပတ်မှူရပ်တန့်သွားခဲ့တာပါတဲ့ ?

Khaine Myael Thitsar's Facebook
Khaine Myael Thitsar's Facebook

ဒါပေမဲ့ ကုသမှူခံယူနေတဲ့ကြားက ကိုယ့်နေရာလေးမှာပါဝင်နိုင်ဖို့ ရန်ကုန်ထိသွားရောက်ရိုက်ကူးခဲ့တယ်

ပြုံးနိုင် ရီနိုင်ခြင်း မရှိခဲ့လို့ MV ထဲ ရုပ်တည်ကြီးနဲ့ပါ

စကားသေချာမပြောနိုင်လို့ စာသားတွေပါးစပ်လှူပ်ပီးတောင် ပီပြင်အောင်လိုက်ဆိုနိုင်ခြင်းမရှိလောက်အောင် အခြေအနေတော်တော်ဆိုးပါတယ်

ယုံကြည်မှူကင်းမဲ့ပီး စိတ်ဓါတ်တွေလုံးဝကျနေခဲ့ချိန်ပါ....ရိုက်ခါနီးမှဖြစ်ရလို့လည်း အရမ်းဝမ်းနည်းခဲ့ရပါတယ်.....


MV Photo
MV Photo

ဆိုတဲ့အားပေးနှစ်သိမ့်စကားတွေတွေကြောင့် ကြိုးစားလုပ်ဆောင်နိုင်ခဲ့တာ.....

မျက်နှာတွေယောင်နေလို့ လိမ်းပေးတဲ့ မိတ်ကပ်ပညာရှင်တွေကိုလည်းအားနာမိပါတယ် ရိုက်ကူးရေးပညာရှင်တွေကလည်း အဆင်အပြေဆုံးလေးဖြစ်အောင်ဝိုင်းကယ်ပေးကြလို့ အားလုံးကိုကျေးဇူးလည်းတင်ရပါတယ်ရှင့်

ကိုယ့်တျဲတွေလည်း သတိထားကြပါ

အမြဲလုပ်နေကြဖြစ်ပေမဲ့

အခန့်မသင့်တော့ဖြစ်သွားတာ ကိုယ်တွေ့သင်ခန်းစာရပါပီ အရမ်းလည်းကြောက်ပါပီ

မဆင်ခြင်မိတဲ့ ကိုယ့်အမှားကြောင့်ပါ

ခိုင်မြဲလိုအမှားမျိူးမလုပ်မိကြပါနဲ့

ကျန်းမာရေးအထူးဂရုစိုက်ကြပါနော်

အားပေးကြတဲ့ သူလေးတွေအယောက်စီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်

သြက်န်းတွင်းအိမ်မှာနေပီး သီချင်းလေးတွေနားထောင်ရင်း ခနတာ စိတ်မောတွေပြေကြပါစေ

အားလုံးရဲ့ ထပ်တူဆန္ဒတွေအမြန်ဆုံးပြည့်ဝအောင်မြင်ပီး

ခိုင်မြဲတို့သီချင်းလေးအတိုင်း.............

ရွှင်လန်းကာစိတ်ချမ်းသာကြစေ?”

MV Photo<br>
MV Photo

MV ထဲမှာ ခိုင်မြဲသစ္စာက အရယ်အပြုံးမရှိဘဲ မျက်နှာကလည်း ရွဲ့နေတဲ့ ပုံစံလေး ဖြစ်တာကြောင့် လူအများက သူမရဲ့ မျက်နှာပုံစံလေးကို ဝေဖန်နေကြတာ ဖြစ်ပါတယ်။ ကျန်းမာရေး အဆင်မပြေတဲ့အချိန်မှာ MV ထဲ ရအောင် ပါဝင်နိုင်တယ်ဆိုကတည်းက စိတ်ဓာတ်လေးက တော်တော်လေးစားဖို့ ကောင်းနေပါပြီ။ အဆိုတော် J fire နဲ့ ခိုင်မြဲ သစ္စာတို့ သီဆိုထားတဲ့ သင်္ချာသီချင်းလေး ကို အောက်မှာ ကြည့်ရှု နားဆင်နိုင်ပါတယ်။

Youtube
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T