ရိုးရှင်းအေးချမ်းတဲ့ အပြုံးလေးတွေနဲ့ ဆွဲဆောင်မှုရှိရှိ လှပချောမောနေတဲ့ သူကတော့ မင်းသမီးလေး စိုးပြည့်သဇင်ပဲ ဖြစ်ပါတယ်။ စိုးပြည့်ဟာ အနုပညာအလုပ်တွေကို ဆယ်စုနီးပါးလောက် လုပ်ကိုင်လာခဲ့ပြီး အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းနေသူတစ်ဦးပဲ ဖြစ်ပါတယ်။ သူမဟာ ကလေးလေးတစ်ယောက်လို လွတ်လပ်ပေါ့ပါးစွာနေထိုင်ပြီး ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာလေးတွေကြောင့် ပရိသတ်တွေအတွက် ချစ်အားပိုစေခဲ့တယ်။


ဝတ်စားဆင်ယဥ်မှုမှာလည်း ခေတ်ပေါ်ဖက်ရှင်တွေထက် ရိုးရိုးယဥ်ယဥ် မြန်မာဝတ်စုံလေးတွေကို ပိုပြီး ဝတ်ဆင်တာ တွေ့ရပါတယ်။ လတ်တလောမှာတော့ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေမတွေ့ရပေမယ့် ပရိသတ်တွေ ချစ်အားပိုစေမယ့် ပုံရိပ်လေးတွေကတော့ မကြာခဏဖော်ပြပေးတာ တွေ့ရပါတယ်။ ယခုမှာတော့ စိုးပြည့်လေးက မြင်သူတိုင်း အသည်းကြွေလောက်တဲ့ ချစ်စရာဗီဒီယိုလေးတစ်ခုကို ဖော်ပြလာတာ တွေ့ရပါတယ်။

ဒီဗီဒီယိုလေးထဲမှာတော့ စိုးပြည့်လေးဟာ မြန်မာဆန်ဆန် ရင်ဖုံးအင်္ကျီလေးကို ဝတ်ဆင်ထားပြီး မခို့တရို့ အပြုံးလေးတွေနဲ့ဆွဲဆောင်မှုရှိရှိ ချစ်စရာကောင်းနေတာ တွေ့ရပါတယ်။ ရိုးရှင်းအေးချမ်းတဲ့ မယ်မဒီလေးတစ်ယောက်လို လှပချောမောနေတဲ့ စိုးပြည့်လေးရဲ့ ဗီဒီယိုလေးကို ပရိသတ်တွေလည်း ချစ်အားပိုမှာတော့ ထင်မိပါတယ်။ ဒီဗီဒီယိုလေးကိုလည်း ကြည့်ပြီး စိုးပြည့်လေးကို ဒီထက်မက ပိုပြီးချစ်ပေးကြပါဦးနော်....။
သတင်း အရင်းအမြစ်៖ Source - Soe Pyae Thazin





