ဆယ်ကျော်သက်လေးတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ အဆိုတော်ထက်ယံ က အချစ် သီချင်း မြူးမြူး လေးတွေ က နေတဆင့် ပရိသတ်တွေ စတင် သိရှိလာခဲ့တာဖြစ်ပါတယ်။ သူဟာ ဂီတနဲ့ ပတ်သက်ပြီး သီချင်းတွေရေး၊သီချင်းတွေ ဆိုရင်းကနေမှတဆင့် အနုပညာလောကထဲကို ရောက်ရှိလာခဲ့သူပါ။


အဆိုတော်ထက်ယံဟာ ကောင်မလေး ပရိသတ်အခိုင်အမာရထားသူဖြစ်ပြီး အဆိုတော်ရဲရင့်အောင်နဲ့ အတူတွဲဆိုထားတဲ့ No more Cry ဆိုတဲ့ သီချင်းနဲ့လူသိများခဲ့တာဖြစ်ပြီး ထွက်ရှိသမျှ သီချင်းတိုင်းက ပရိသတ်တွေ ရင်ထဲကိုရောက်အောင် သီဆိုနိုင်သူပါ။


ထက်ယံဟာ ဒီနေ့မှာပဲ အားလုံးကို suprise အကြီးကြီးတိုက်လိုက်ပါတော့တယ်။ ဒါကတော့ ထက်ယံက သူ့ကိုချစ်တဲ့ပရိသတ်တွေရဲ့ အသည်းကိုခွဲပြီး ချစ်ရသူလေးနဲ့ မင်္ဂလာဆောင်သွားပြီဖြစ်ပဲ ဖြစ်ပါတယ်။ congratulation ပါ ကိုထက်ယံရေ.. ပပဝတီလေးနဲ့လဲ အိုအောင်မင်းအောင်ပေါင်းဖက်နိုင်ပါစေနော် ...


Photo Credit & Source: Memories of Htet Yan Page