ဟိုးအရင် ၂၀၁၆ ခုနှစ်တုန်းက Instagram ပေါ်မှာ Follower အများဆုံးနာမည်ကြီးအဖြစ် ဦးဆောင်ခဲ့တဲ့ Selena Gomez တစ်ယောက် သတင်းတွေ၊အင်တာနက်ပေါ်ကနေ ပျောက်နေတာကိုသတိထားမိကြမှာပါ။အခုတော့ သူမဟာအင်တာနက်မသုံးတာ လေးနှစ်နဲ့တစ်ဝက်ရှိပြီဖြစ်ကြောင်း ထုတ်ပြောလာခဲ့ပါတယ်။အဲ့လိုအင်တာနက်မသုံးတာကြောင့် သူမရဲ့ဘဝကြီးဟာလည်း လုံးဝပြောင်းလဲသွားကြောင်းပြောခဲ့ပါတယ်။

သူမဘဝပြောင်းလဲသွားကြောင်း Good Morning America နဲ့အင်တာဗျူးမှာပြောပြခဲ့တာပါ။ “ကျွန်မပိုပျော်လာတယ်၊ပိုပြီးလက်ရှိနဲ့နီးစပ်လာတယ်၊လူတွေနဲ့ပိုပြီးဆက်ဆံဖြစ်တယ်။အင်တာနက်က ဘယ်လောက်ထိစွမ်းအင်ကြီးလဲဆိုတာ ကျွန်မသိပါတယ်။ကမ္ဘာကြီးအတွက်လည်းအများကြီးကောင်းကျိုးပေးတယ်။ဒါပေမဲ့ကျွန်မအတွက်တော့ ဘဝထဲကလူတွေအတွက် အရေးကြီးတဲ့သတင်းတွေကိုပဲဖတ်ပါတော့တယ်”လို့ပြောခဲ့ပါတယ်။

လက်ရှိ Instagram ပေါ်မှာ Follower ပေါင်းသန်း ၃၀၀ ကျော်ရရှိထားတဲ့ Selena Gomez ဟာ သူမတည်ထောင်ထားတဲ့ စိတ်ကျန်းမာရေးပလက်ဖောင်း Wondermind ကို Promote လုပ်နေပါတယ်။Selena ကိုယ်တိုင်ကလည်း Bipolar ဝေဒနာကိုခံစားနေရတာဖြစ်ပြီး သူမပလက်ဖောင်းရဲ့ရည်ရွယ်ချက်က လိုအပ်နေသူတွေအတွက် အထောက်အပံ့တွေပေးအပ်ဖို့လို့သိရပါတယ်။
ထပ်ပြီးတော့လည်း “အကုန်လုံးကိုသိပ်ဂရုမစိုက်တော့ဘူး။ဘာလို့ဆိုတခြားလူတွေကိစ္စတွေကိုလိုက်ဂရုစိုက်နေဖို့က ကျွန်မအလုပ်မဟုတ်ဘူးလေ”လို့လည်းထပ်ပြောခဲ့ပါတယ်။





