ထူးခန့်ကျော်ဆိုတဲ့ ရုပ်ရှင်သရုပ်ဆောင် မင်းသားကြီးကို အားလုံးပဲ သိကြမယ်လို့ ထင်ပါတယ်။ " မမှီဝဲနဲ့ကင်းအောင်နေ" ဆိုတဲ့ MRTV_4 ဇာတ်လမ်းတွဲ ထဲမှာ လူကြီးဖခင်ကြီးနေရာကနေသရုပ်ဆောင်ပီပြင်ခဲ့တာကြောင့် လူသိများလာခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

ရုပ်ရှင်နဲ့အနုပညာမှာတင် သရုပ်ဆောင်ထူးချွန်ရုံတင်မကပဲ ဘာသာရေးမှာလိုက်စားလွန်းတဲ့ ဆေးဆရာတစ်ဦးလည်းဖြစ်ပါတယ်။ အထူးသဖြင့် အကြောအချဉ်နဲ့ပတ်သတ်ရင် အရမ်းကို ဆေးစွမ်းထက်သူတစ်ဦးပါ။

သူကုပေးလိုက်လို့ သက်သာသွားတဲ့ သူတွေအရမ်းများသလို ဒီအထဲမှာ အနုပညာရှင်များစွာပါပါသေးတယ်။ တစ်ချို့က တော့ ဘုရားကုကုတယ်လို့ လည်း ထင်ကြေးပေးကြပါသေးတယ်။ ဘာပဲဖြစ်ဖြစ် သရုပ်ဆောင်ပညာရော ဆေးပညာပါ တတ်ကျွမ်းတဲ့ မင်းသားကြီးထူးခန့်ကျော်ရဲ့ အစွမ်းကတော့အံ့မခန်းပါပဲ။ အခုလည်း ငယ်ငယ်လေးတည်းက လမ်းမလျှောက်တတ်တဲ့ အသက်၆နှစ်အရွယ်သားငယ်လေးဝေယံအောင် ဟာ ထူးခန့်ကျော်ရဲ့ ကုသမှုနဲ့ လမ်းပြန်လျှောက်နိုင်ခဲ့ပါတယ်...

" ကျွန်တော်ထံလာရောက်ကုသရင်း အခုတော့သားလေးဝေယံအောင်ခဗျာလမ်းလျှောက်နိုင်သွားလို့ အင်မတန်ဝမ်းသာပီတိဖြစ်ခဲ့ရသလို ကျွန်တော်၏တနေ့တာအမောများပြေပျောက်ခဲ့ရပြီး အခုလို့၇ရက်သားသမီးများ၏ခံစားနေရသော ဝေဒနာများအားအခမဲ့ပါရမီဖြည့်ကုသခွင့်ပေးခဲ့ပါသော ရတနာသုံးပါး၏ခြေအစုံသို့ဦးခိုက်ကန်တော့ရင်း မင်္ဂလာညချမ်းလေးမှာအမျိုးများအားလုံးကျန်းမာလို့ချမ်းသာကြပါစေ" လို့လည်းသူ့ရဲ့ Facebook စာမျက်နှာမှာတင်ထားခဲ့ပါတယ်...

ဘာပဲပြောပြော သူ့ရဲ့ ပညာလေးနဲ့ သူအောင်မြင်နေတာ တကယ်ပီတိဖြစ်စရာလေးပါနော်...
Source from HtooKhantKyaw's facebook





