သရုပ်ဆောင်စည်ဖြိုးရဲ့ အမျိုးသမီးဖြစ်သူ ခင်လွှမ်းဟာဆိုရင် ဒုတိယ ရင်သွေးလေး ကိုယ်ဝန်လွယ်ထားရပြီဆိုတဲ့ အကြောင်းကို သူမရဲ့ facebook စတိုရီလေးပေါ်မှာ တင်ပေးလာခဲ့ပါတယ်။ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ဟာ အရမ်းကို ချစ်ကြတဲ့ ဇနီးမောင်နှံလေးဖြစ်ပြီး နှစ်ဦးနှစ်ဖက် ခမည်းခမတ်တွေကပါ အစဉ်ပြေပြေရှိကြတာကြောင့် ပရိသတ်တွေ အနေနဲ့ များစွာ အားကျနေရတဲ့ စုံတွဲလေးဖြစ်ပါတယ်။


ခင်လွှမ်းကလည်း သူမရဲ့ မိသားစုအကြောင်းလေးကို အမြဲလိုလို သူမရဲ့ လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ဝေမျှပေးလေ့ ရှိတဲ့သူဖြစ်ပါတယ်။ အခုတစ်ခေါက်မှာ လည်း ခင်လွှမ်းက သူမဒုတိယရင်သွေးလေး ကိုယ်ဝန် လွယ်ထားရပြီဖြစ်တဲ့ အကြောင်း ကို ဝေမျှပေးခဲ့တာဖြစ်ပါတယ်။

ဒုတိယရင်သွေးလေး ကိုယ်ဝန်လွယ်ထားရပြီဖြစ်ကြောင်း အသိပေးလာတဲ့ အချိန်က April Fool Day လို့ လူသိများတဲ့ ဧပြီလ ၁ ရက်နေ့လေးလည်း ဖြစ်တာကြောင့် ပရိသတ်တွေ အနေနဲ့ ကိုယ်ဝန်ရှိတဲ့ သတင်းက တကယ်လား တကယ်မဟုတ်ဘူးလားဆိုတာကို များစွာ စိတ်ဝင်စားနေကြပါတယ်။

ပရိသတ်ကြီးကရော ဘယ်လို ထင်လဲ .. ဒီသတင်းလေးကို အမှန်လေးလို့ ထင်ကြလား .. သတင်းလေးသာ အမှန်ဆိုရင်တော့ စည်ဖြိုးနဲ့ခင်လွှမ်း စုံတွဲလေးအတွက် ဂုဏ်ယူပါတယ်နော်။