ပြည်သူ့မင်းသားချော ပိုင်တံခွန်ကတော့ ဖြောင့်တင်းသန်မာတဲ့ Body နဲ့ ချောမောလှပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်အချစ်တော် မင်းသားချောလေး ဖြစ်နေရတာပါ။ ပိုင်တံခွန်ကတော့ မိဘအပေါ် သိတတ်လိမ်မာလွန်းလှတဲ့ သားလေးဖြစ်တာကြောင့် မိသားစုဝင်တွေက ချစ်ရတဲ့ သူလေးလည်း ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း သူရဲ့ အနုပညာလှုပ်ရှားမှုတွေကို မျှော်လင့်စောင့်ဆိုင်းနေကြတာ ဖြစ်ပြီး ကြော်ငြာတွေလက်ခံရိုက်ကူးနေချိန်မှာလဲ အရင်ကလိုပဲ တစ်ခဲနက် အားပေးနေကြတာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ကလည်း ဘယ်ချိန်ဖြစ်ဖြစ် ဘယ်လိုပုံစံပဲ ဖြစ်ဖြစ် ချောမြဲချောဆဲပဲမို့ ပရိသတ်တွေက အချစ်ပိုနေကြတာပဲ ဖြစ်ပါတယ်။

သူရဲ့ ပုံရိပ်လေးတွေကို အမြဲမျှဝေပေးလေ့ရှိတဲ့ ပိုင်တံခွန်က ဒီတစ်ခါမှာလည်း Samsung Myanmar က ပြုလုပ်တဲ့ဖုန်းအသစ် မိတ်ဆက်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ " Samsung ရဲ့ Built for Myanmar Press Conference ကို Team Galaxy အနေနဲ့တက်ရောက်ဖြစ်ခဲ့ပါတယ်။" ဆိုတဲ့ Caption လေးနဲ့အတူ သူရဲ့ ပုံရိပ်လေးတွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်။







Photo Credit & Source : Paing Takhon’s FB Acc