သင်္ကြန်မတိုင်ခင် မင်္ဂလာပွဲ ကျင်းပတော့မယ်ဆိုတဲ့ သရုပ်ဆောင် နေတိုး

//s9.kh1.co/fa/fa279e1f1daafb17e99a98f332ffce1098b4c149.jpg
အနုပညာရှင်များ

 ၀၅-ပြီ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၄ နှစ် က

ဖိတ်စာနဲ့တကွ တက်ရောက်ပေးဖို့လည်း မေတ္တာရပ်ခံပါတယ်တဲ့ ….

ဝါရင့်သရုပ်ဆောင် မင်းသားနေတိုးကတော့ သူရဲ့ ချစ်သူလေး မသဲစုမြတ်ရွှေ နဲ့ ဖေဖော်ဝါရီလ (၅) က မင်္ဂလာလက်မှတ် ရေးထိုးလိုက်ကြပြီပဲ ဖြစ်ပါတယ်။ လက်မှတ်ထိုးပွဲကို နေတိုးရဲ့ နေအိမ်မှာ ရခိုင်ရိုးရာ အပြင်အဆင်တွေနဲ့  မင်္ဂလာဦးဆွမ်းကျွေးပွဲကိုလည်း အကျဉ်းချုံးပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader

လူပျိုသိုးကြီးဘဝနဲ့ အချိန်အကြာကြီးကုန်ဆုံးခဲ့တဲ့ နေတိုးက သင်္ကြန်မတိုင်ခင် မင်္ဂလာပွဲကို ကျင်းပတော့မယ်လို့ သိရပါတယ်။ နေတိုးကတော့ သူတို့ရဲ့ မင်္ဂလာပွဲကို ဧပြီလ (၁၀) ရက်နေ့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး မင်္ဂလာပွဲကို ရင်းနှီးတဲ့ မိတ်ဆွေအချိူ့ကို သာ ဖိတ်ခဲ့ပြီး အကျဥ်းချုံးကျင်းပမှာပဲ ဖြစ်ပါတယ်။

Photo Credit :Myanmar Cele Channel
Photo Credit :Myanmar Cele Channel
Photo Credit : Original Uploader
Photo Credit : Original Uploader

ဒီကနေ့မှာတော့ နေတိုးရဲ့ မင်္ဂလာဆောင် ဖိတ်စာလေးတွေထွက်ပေါ်လာခဲ့တာ ဖြစ်ပြီး ဖိတ်စာထဲမှာတော့ လုံခြုံရေးအရ မင်္ဂလာလက်ဖွဲ့ပစ္စည်းတွေကို ပါကင်ပိတ်ခြင်း၊ ပါဆယ်ဗူးတွေနဲ့ လက်ဖွဲ့ခြင်းမပြုဖို့နဲ့ ဖိတ်စာနဲ့တကွ တက်ရောက်ပေးဖို့ မေတ္တာရပ်ခံထားတာ ဖြစ်ပါတယ်။

Photo Credit :Myanmar Cele Channel
Photo Credit :Myanmar Cele Channel
Photo Credit : Original Uploader
Photo Credit : Original Uploader

နေတိုး ရဲ့ ချစ်သူကောင်မလေး ဟာ လူမျိုးတူ ရခိုင်လူမျိုးပဲ ဖြစ်တယ်လို့ သိရပြီး နေတိုးနဲ့ ငယ်ချစ်ဦးလဲ ဖြစ်ပါတယ်။

Photo Credit : Original Uploader
Photo Credit : Original Uploader
Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T