အချစ်ဆိုတာ မထင်မှတ်တဲ့ တွေ့ဆုံမှုတွေကတဆင့် နှစ်ဦးကြား သံယောဇဉ် တွယ်သွားမိတတ်သလို၊ ပရိသတ်တွေက လိုက်ဖက်မှုရှိတယ်လို သတ်မှတ်ထားရင်းကလည်း အမှန်တကယ်ဖြစ်ပေါ်လာတတ်ပါတယ်။ အခုဖော်ပြပေးမယ့်ကိုရီးယားအနုပညာရှင် စုံတွဲတွေထဲကတော့ ဇာတ်ကား အတူတူရိုက်ရင်း နီးစပ်သွားကြပြီး မင်္ဂလာဆောင်သွားကြတဲ့ စုံတွဲတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။
Son Ye Jin

မတ်လ (၃၁) ရက်နေ့ကပဲ ပူပူနွေးနွေး လက်ထပ်လိုက်တဲ့ Son Ye Jin က “ Crush Landing On You” ဇာတ်ကားထဲက အဓိက ဇာတ်ဆောင်မင်းသားဖြစ်တဲ့ Hyun Bin နဲ့ ချစ်ခင်နှစ်သက်ကြပြီး လက်တွဲသွားကြတာပဲ ဖြစ်ပါတယ်။

Lee Bo Young

Lee Bo Young ကတော့ မင်းသား jusung နဲ့ "Save The Last Dance for me” ဇာတ်လမ်းတွဲမှာ အတူတူသရုပ်ဆောင်ခဲ့တာ ဖြစ်ပြီး လေးနှစ်ကြာမှာ ချစ်ကျွမ်းဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ အခုတော့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို နှစ်ယောက်တူတူတည်ဆောက် ထားကြတာပဲ ဖြစ်ပါတယ်။

Eugene

Eugene ကတော့ "Save The Last Dance for me” ဇာတ်လမ်းတွဲမှာ အဓိက ဇာတ်ဆောင်မင်းသမီး အဖြစ်ပါဝင်ခဲ့ပေမယ့် အပြင်လက်တွေ့မှာတော့ မင်းသား Tae Young နဲ့ လက်ထပ်ထားပြီး သမီးလေး နှစ်ယောက်နဲ့ ပျော်ရွှင်စရာမိသားစု ဘဝလေးကို ပိုင်ဆိုင်နေပြီပဲ ဖြစ်ပါတယ်။

Kim So Yeon

Kim So Yeon ကတော့ "Happy Home" ဇာတ်လမ်းတွဲ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Lee Sang Woo နဲ့ အတူ အလုပ်တွေ တွဲလုပ်ရင်း ချစ်ကြိုက်သွားကြတာဖြစ်ပြီး လက်ထပ်သွားခဲ့ကြတာ ဖြစ်ပါတယ်။

Source: KBIZoom





