ချစ်ဖိုကောင်းတဲ့ မျက်နှာလေးနဲ့ အပြုံးချိုချိုလေးကို ပိုင်ဆိုင်ထားတဲ့ ကရင်မလေး မာသထူးဝါကတော့ လက်ရှိတောင်ကိုရီးယားမှာနေထိုင်ပြီး ကျောင်းတတ်ရင်းအနုပညာ အလုပ်တွေကို လုပ်ကိုင်နေသူပဲ ဖြစ်ပါတယ်။
မာသထူးဝါကတော့ တောင်ကိုရီးယားသမ္မတ တက်ရောက်မယ့် ပွဲမှာ သီချင်းဆိုဖို ဖိတ်ကြားခံခဲ့ရတာပဲ ဖြစ်ပါတယ်။
မာသထူးဝါက "တောင်ကိုးရီးယားမြေပုံရဲ့အစွန်အဖျားက လှပတဲ့ဂျဲဂျူးကျွန်းသို့ ????
April 3 ရက်နေ့ ကိုးရီးယားသမ္မတသစ်နှင့်အဟောင်း 2 ဦးလုံးတက်ရောက်မယ့် နိုင်ငံတော်ပွဲကြီးတခုမှာ သီဆိုဖို ဖိုးမူကြီးဖိတ်ကြားခံရပါတယ် ?
1947 ခုနှစ်မှာ ပြည်မကြီးကိုးရီးယားနှင့် ဂျဲဂျူးကျွန်းကလေးတိုမှာ အာဏာလုပွဲကြောင့် ပြည်သူ 1 သောင်းကျော် အသက်ဆုံးရှုးခဲ့ရတဲ့ ရင်နာဖွယ်သမိုင်းရှိခဲ့ဖူးပါတယ်။
ဒီဖြစ်ရပ်ကြောင့် သမ္မတအသစ်တက်လာတိုင်း ဂျဲဂျူးကျွန်းလေးကို ချစ်ကြည်ရေးတွေ့ဆုံပွဲကျင်းပကြတယ်လိုသိရပါတယ်။
ဒီလိုပွဲမျိုးမှာ ဖိတ်ကြားခံရလို ဝမ်းသာမိပါတယ်။ အားလုံးအတွက်အကောင်းဆုံးတေးလေးတပုဒ်သီဆိုနိုင်အောင် ဖိုးမူကြီးကြိုးစားပါမယ်လို ကတိပေးပါတယ်နော် ??" ဆိုပြီး သူမရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။
မာသထူးဝါကတော့ တောင်ကိုရီးယား သမ္မတဟောင်းနဲ့ အသစ်နှစ်ယောက် တတ်ရောက်မယ့် ချစ်ကြည်ရေးမှာ တတ်ရောက်သီဆိုခဲ့ရတာပဲဖြစ်ပါတယ်။ ချစ်ဖို့ကောင်းတဲ့ ကရင်မလေး မာသထူးဝါ အတွက် အရမ်းကို ဂုဏ်ယူရပါတယ်နော် ....
Source: Naw Martha Htoowah's FB Acc