ပိုင်တံခွန့်ပရိသတ်တွေအတွက် သူကိုယ်တိုင် ရေးတဲ့ ​ကဗျာလေးတစ်ပုဒ်

//s9.kh1.co/3a/3a71f5fef6a74ba51036dc0caffc340de4346b80.jpg
အနုပညာရှင်များ

 ၀၂-ပြီ-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန်ကတော့ ရုပ်ချောရုံတင်မက စကားလည်း ကြွယ်ပါတယ်နော်။ ဒီနေ့ သူ့ရဲ့ facebook စာမျက်နှာထက်မှာ ကဗျာလေးတစ်ပုဒ်ကို ဝေမျှလာခဲ့တာပါ။ 

https://s9.kh1.co/__image/w=650,h=957,q=100/04/04bdcb13902d6b744cde4e536632f44d16e0bf6a.jpg

ဘဝရဲ့ ဟန်ချက်တွေ

ယိမ်းယိုင်စေတဲ့

လောကဓံလှိုင်း . . .

အနာရွတ်တွေနဲ့

စစ်ခင်းရတဲ့

မျှော်လင့်ချက် . . .

မျက်လုံးစိမ်းနဲ့

ကြည့်ခံရတဲ့

ဒဏ်ရာဟောင်းတွေ

ကမ်းမမြင် လမ်းမမြင် . . .

ကံကြမ္မာဆိုတာ

စာအိတ်လေးထဲက

အငွေ့ပျံလွယ်တဲ့

ပျော်ရွှင်မှု သက်သက် . . . ဆိုပြီး ရေးဖွဲ့ထားခဲ့တာပါ။

https://s9.kh1.co/__image/w=650,h=649,q=100/df/df1929f5fdf9e04e04df8c01fe7bbd960131e8cd.jpg

သူဟာ တကယ်ကို လောကဓံရိုက်ချက်တွေ ခံလာရတဲ့ ပြည်သူ့ အနုပညာရှင်တစ်ယောက်ပါ။ အခု ကဗျာလေးကို ၂၀၂၁ မေလ ၆ ရက်နေ့မှာ ရေးသားခဲ့တာလို့ ပြောပါတယ်။

https://s9.kh1.co/__image/w=650,h=946,q=100/d1/d1dd7d68f0733ba6d98439e5f914caf80c721b4e.jpg

ကဗျာလေးရဲ့ နာမည်က တင်္ဒဂ ပါ။ သူ ဘယ်လိုခံစားချက်တွေနဲ့များ ရေးဖွဲ့ခဲ့သလဲ၊ အဲဒီအချိန်မှာ ဘယ်လောက်တောင် နာကျင်နေခဲ့ရမလဲဆိုတာ တွေးကြည့်ရင် ဝမ်းနည်းကြေကွဲစရာပါပဲ။

https://s9.kh1.co/__image/w=650,h=942,q=100/b7/b7e38f39c64e5a29d691743c011feadf08aa7265.jpg

ဒါကြောင့်လည်း ခုနောက်ပိုင်း သူ့ရဲ့ ပုံရိပ်လေးတွေဟာ ပိုရင့်ကျက် တည်ငြိမ်လာတဲ့ ပုံစံပေါက်ပါတယ်။ တစ်မျိုးလေး ဆွဲဆောင်မှု ရှိနေတဲ့ သူ့ကို အားလုံးက ပိုပိုချစ်နေရပြန်တာပါပဲ။

https://s9.kh1.co/__image/w=650,h=867,q=100/de/de8103d73de5d106d60fa8cbebc37bd2bcd1d19e.jpg

နာကျင်မှုက ကဗျာအဖြစ် ခံစားခဲ့တဲ့ ပိုင်တံခွန်ကတော့ တကယ် ချစ်စရာပါပဲ။ ပရိသတ်တွေ ဝေမျှခံစားဖို့ တင်ဆက်လိုက်ပါတယ်နော်။

https://s9.kh1.co/__image/w=650,h=880,q=100/02/029bab18127e5b4bfee562f165902333666dab98.jpg

Photos Courtesy - Paing Ta Khon Facebook

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T