၁၀ နှစ်ငယ်တဲ့ အဆိုတော်မောင်လေးနဲ့ ဒိတ်လုပ်နေတဲ့ သတင်းထွက်လာတဲ့ Gong Hyo Jin

//s9.kh1.co/b2/b2116ce5cf2878cd546f16e2890a8a38e77e6094.jpg
အနုပညာရှင်များ

 ၀၁-ပြီ-၂၀၂၂ ၅pm · လွန်ခဲ့သော ၂ နှစ် က

မနဲ့မောင် အတွဲလေး ?

မတ်လ ၃၁ မှာ ကျင်းပခဲ့တဲ့ Hyun Bin နဲ့ Son Ye Jin တို့ မင်္ဂလာဆောင်မှာ သတို့သမီးလေး ပစ်ပေးတဲ့ ပန်းစည်းကို ရရှိသွားတဲ့ အပျိုကြီးက မမ Gong Hyo Jin ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေက မမ ဘယ်သူနဲ့ ဘယ်တော့ မင်္ဂလာဆောင်မှာလဲဆိုတာ စိတ်ဝင်စားနေကြပါပြီ။

https://s9.kh1.co/__image/w=650,h=488,q=100/0f/0f488a7b9503b29513a7d00c2136236e390e03b9.jpeg

အချိန်ကိုက်ပဲ ထွက်လာတဲ့ သတင်းကတော့ မမ Gong Hyo Jin မှာ ရည်းစားရှိနေပြီဆိုတဲ့အကြောင်းပါ။

https://s9.kh1.co/__image/w=550,h=367,q=100/41/419d6f62dc8c8d3fb9af465eba3fb572cd3093a7.jpg

တွဲမယ့်တွဲတော့လည်း နှယ်နှယ်ရရ မဟုတ်ပါဘူး။ သူမထက် ၁၀ နှစ်ငယ်တဲ့ ကိုရီးယား-အမေရိကန် လူမျိုး အဆိုတော် Kevin Oh နဲ့ တွဲနေတာပါတဲ့။

https://s9.kh1.co/__image/w=650,h=434,q=100/7e/7eb510bad0c27d60570c64eacaa01e67b897ade0.jpeg

ဒီအကြောင်းကို သူမရဲ့ အေဂျင်စီက ဒီနေ့ပဲ အတည်ပြုပေးလိုက်တာပါ။ ဒါပေမဲ့ လက်ထပ်ဖို့ စဥ်းစားထားတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

https://s9.kh1.co/__image/w=650,h=380,q=100/7b/7b7d7e3f095a9c6767f760aa29d9c9222c9cd18f.jpg

ပရိသတ်တွေကတော့ မမကို အားကျနေကြပါပြီနော်။

Ref : Soompi

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T