အမေရိကန် နာမည်ကျော် အပြာမင်းသမီး Raven Alexis ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကွယ်လွန်သွားခဲ့ပြီလို့ နယူးယောက်ပို့စ်သတင်းတစ်ပုဒ်မှာ ရေးသားဖော်ပြလာတာ တွေ့ရပါတယ်။ Raven Alexis ဟာ အသည်းကင်ဆာ အဆင့်လေးဆင့်ကိုရောက်ရှိပြီး ဆိုးရွားစွာ ခံစားနေရတာဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာတော့ အသက် ၃၅ နှစ်ရှိပြီလို့ သိရပါတယ်။

ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် အမည်မဖော်ပြသူ အပြာမင်းသမီးရဲ့ ခင်ပွန်းသည်က သူ့ရဲ့Instagram နှင့် Facebook ပေါ်တွေမှာ ကြာသပတေးနေ့က ဗီဒီယိုဖြင့် အသည်းကင်ဆာကြောင့် Las Vegas ဆေးရုံမှာ သူမကွယ်လွန်သွားပြီလို့ အတည်ပြုခဲ့ကြောင်း Adult Video News (AVN) က ဖော်ပြခဲ့ပါတယ်။ Alexis ဟာ ညစ်ညမ်းဝင်ဆိုက်များဖြစ်တဲ့ RavenAlexis.com နှင့် RavensPlayhouse.com တို့မှာ “အင်တာနက်မော်ဒယ်” အဖြစ် ညစ်ညမ်းဗီဒီယိုတွေမှာ ပါဝင်သရုပ်ဆောင်ရင်း နာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ညစ်ညမ်းဗီဒီယို ထုတ်လုပ်ရေးကုမ္ပဏီ Digital Playhouse မှ သူမကို ငှားရမ်းခဲ့ပြီး ၂၀၀၉ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ တစ်နှစ်တာ လုပ်ကိုင်ခဲ့ပါတယ်။ သူမဟာ အပြာမင်းသမီးဘဝနှင့် အသက်မွေးဝမ်းကြောင်းအတွက် လုပ်ကိုင်လာတဲ့ တစ်လျှောက်မှာလည်း ချီးကျူးမှုများစွာကို ရရှိခဲ့ပြီး အထူးသဖြင့် "Body Heat" ဇာတ်ကားမှာ သူမရဲ့ အကောင်းဆုံး သရုပ်ဆောင်မှုဖြင့် ၂၀၁၁ ခုနှစ်မှာ Best All-Girl Group Sex Scene နှင့် Wildest Sex Scene အတွက် Fan Award တို့ကို ရရှိခဲ့ပါတယ်။

သတင်း အရင်းအမြစ်៖ Source - New Yort Post





