ဟာဝိုင်ယီကဘားတစ်ခုမှာသောင်းကျန်းခဲ့လို့ အဖမ်းခံလိုက်ရတဲ့ Flash သရုပ်ဆောင် Ezra Miller

//s9.kh1.co/1c/1c3ae0b3685e8376a37f0944b4a7c9646ed33b9c.jpg
အနုပညာရှင်များ

 ၂၉-မတ်-၂၀၂၂ ၂pm · လွန်ခဲ့သော ၃ နှစ် က

အော်ဟစ်ဆဲဆိုတာတွေလုပ်ခဲ့တဲ့အပြင် ကိုယ်ထိလက်ရောက်ကျူးလွန်မူပါရှိခဲ့ပါတယ်တဲ့

DC ရဲ့ Justic League အဖွဲ့ဝင် Flash အဖြစ် စူပါဟီးရိုးရုပ်ရှင်ကားပေါင်းများစွာမှာသရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် Ezra Miller ဟာမတ်လ ၂၈ ရက်နေ့က ဟာဝိုင်ယီကျွန်းပေါ်မှာအဖမ်းခံခဲ့ရပါတယ်။ဘားတစ်ခုထဲမှာသောင်းကျန်းခဲ့တာကြောင့်ဖမ်းခံရတာပါ။ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သူဟာ ဆေဗာလမ်းထဲက ကာရာအိုကေဘားတစ်ခုမှာ ပါတီပေးနေရင်း အမူးလွန်သွားတာကြောင့် ထိန်းမနိုင်သိမ်းမရဖြစ်ပြီး တီးဝိုင်းအဖွဲ့ကိုညစ်ညစ်ညမ်းညမ်းတွေ အော်ဟစ်ဆဲဆိုခဲ့တဲ့အပြင် တခြားလူတစ်ယောက်ကိုလည်းထိုးခဲ့သေးတယ်လို့သိရပါတယ်။

Photo credit
Photo credit

အသက် ၁၉ နှစ်သာရှိသေးတဲ့ သရုပ်ဆောင် Ezra Miller ဟာဘားမှာမူးပြီးသီချင်းဆိုနေရင်းနဲ့ ရုတ်တရက်ထိန်းမနိုင်သိမ်းမရဖြစ်ပြီး အဲ့ဒီဘားမှာပဲ အသက် ၂၃ နှစ်အရွယ်ရှိတဲ့အမျိုးသမီးတစ်ယောက် သီချင်းဆိုနေချိန် သူမဆီကမိုက်ကိုဆွဲလုပြီး မကြားဝံ့မနာသာတွေ ဆဲဆိုခဲ့တယ်လို့ ဟာဝိုင်ယီရဲ့ News Now ကဖော်ပြချက်အရသိရပါတယ်။အဲ့လိုလုပ်ပြီးမကြာခင်မှာပဲ ဘားထဲမှာ ဘုတ်မျှားပစ်တမ်းကစားနေသူ အမျိုးသားတစ်ဦးကိုလည်း ပြေးထိုးခဲ့ပါတယ်။ဘားပိုင်ရှင်ကသူ့ကိုထိန်းထားပြီး စိတ်လျှော့ခိုင်းဖို့ကြိုးစားပေမဲ့လည်း မထိန်းထားနိုင်ခဲ့ဘူးလို့လည်းသိရပါတယ်။

ရဲတပ်ဖွဲ့ကထိန်းသိမ်းထားတုန်းက အမူတွဲအတွက် ရိုက်ကူးခဲ့တဲ့ပုံ (photo via Hawaii Police Department)
ရဲတပ်ဖွဲ့ကထိန်းသိမ်းထားတုန်းက အမူတွဲအတွက် ရိုက်ကူးခဲ့တဲ့ပုံ (photo via Hawaii Police Department)

အဲ့နောက်တော့ ရဲတပ်ဖွဲ့ရဲ့ဖမ်းစီးခြင်းကိုခံခဲ့ရပြီး မူးယစ်ရမ်းကားမူ၊ကိုယ်ထိလက်ရောက်စော်ကားမူတို့နဲ့ တရားစွဲခံခဲ့ရပါတယ်။ဒါပေမဲ့အကြာကြီးတော့ ထိန်းသိမ်းမခံခဲ့ရပါဘူး။ကျသင့်တဲ့ဒဏ်ငွေ ဒေါ်လာ ၅၀၀ ကိုပေးဆောင်ခဲ့ပြီး ခံဝန်ကတိလည်းပေးခဲ့တာကြောင့် သိပ်မကြာခင်မှာပဲ ပြန်လွတ်လာခဲ့တယ်လို့ သတင်းတွေမှာဆက်လက်ဖော်ပြထားပါတယ်။

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T