ဝမ်းရေးအတွက် ကြုံရာကျပမ်း စျေးရောင်းရှာနေတဲ့ အဘိုးအဘွားတွေကို အလှူရှင်ကိုယ်စား သွားရောက် လှူဒါန်းခဲ့တဲ့ မိုးစက်

//s9.kh1.co/7f/7f886f6fd7adb215e961d6205585cdcb0c68b05c.jpeg
အနုပညာရှင်များ

 ၂၉-မတ်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

အဘိုးအဘွား ၆ ယောက်ကို တစ်ယောက်ကို တစ်သိန်းကျပ်နှုန်းနဲ့ လှူပေးတာ ??

လူရွှင်တော်မိုးစက်ကတော့ ခုလို ကာလတွေမှာ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေတဲ့ လက်လုပ်လက်စား ပြည်သူတွေနဲ့ အနုပညာသမားတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီလှူဒါန်းမှုတွေပြုလုပ်ပေးနေတာကြောင့် ပရိသတ် အားပေးချစ်ခင်နေကြတဲ့ အနုပညာရှင်လေးဖြစ်ပါတယ်။

Photo credit: Moe Sat’s Facebook Acc
Photo credit: Moe Sat’s Facebook Acc

အခုတစ်ခါမှာ ဆိုရင်လူရွှင်တော် မိုးစက်ကဝမ်းရေးအတွက် ကြုံရာကျပမ်း စျေးရောင်းရှာနေတဲ့ အဘိုးအဘွားတွေကို အလှူရှင်ကိုယ်စား သွားရောက် လှူဒါန်း ပေးခဲ့တာ ဖြစ်ပါတယ်။

Photo credit: Moe Sat’s Facebook Acc
Photo credit: Moe Sat’s Facebook Acc

လှူဒါန်းဖြစ်တဲ့ အကြောင်းလေးကိုလည်း “အဖိုးလဲ ပျော်ရပြီ …”

“အဖွားလဲ ပျော်ရပြီ….”

စျေးရောင်းတဲ့ အဖိုးအဖွားတွေကို 

အဓိက ထားပြီး နိုင်သလောက်ကူညီပေးတာကနေ

ပူးပေါင်းပါဝင်ကူညီပေးသူတွေကြောင့် ၊

အခုဆိုရင် ဒါနခရီးဟာ တော်တော်လေးခရီးရောက်နေပါပြီ ။

Photo credit: Moe Sat’s Facebook Acc
Photo credit: Moe Sat’s Facebook Acc

ဘယ်လိုတွေ ဘယ်လိုပြောပြော 

မှန်ကန်သော မေတ္တာတရားကြောင့် 

အဖိုးအဖွား ၆ဦးကို 

တစ်ဦးလျှင် တစ်သိန်းနှူန်းနဲ့ 

လှူဒါန်းပေးခွင့်ရခဲ့ပါတယ်ဗျာ။

Photo credit: Moe Sat’s Facebook Acc
Photo credit: Moe Sat’s Facebook Acc

ဟင်းရွက်သယ် ဘဘ ကို တစ်သိန်းကျပ် ။

မုန့်ဆီကြော်ရောင်းပြီး တစ်ဦးတည်းအခန်းငှါးနေတဲ့

ဖွားဖွားအတွက တစ်သိန်းကျပ် ။

ပန်းလေးတွေရောင်းတဲ့ အဖွားအတွက်

တစ်သိန်းကျပ် ။

Photo credit: Moe Sat’s Facebook Acc
Photo credit: Moe Sat’s Facebook Acc

စုဗူးရောင်းတဲ့ အဘ အတွက် တစ်သိန်းကျပ်။

ဖရဲသီးရောင်းတဲ့အဖွားအတွက် တစ်သိန်းကျပ်။

အချဉ်ပေါင်းရောင်းတဲ့ အဘအတွက်

တစ်သိန်းကျပ် လှူဒါန်းပေးခဲ့ပါတယ်။

Photo credit: Moe Sat’s Facebook Acc
Photo credit: Moe Sat’s Facebook Acc

ယခု လှူဒါန်းမှူကို 

သားသားလေး D Ning Ko ရဲ့ ၆နှစ်ပြည့်

မွေးနေ့အဖြစ် လှူဒါန်းပေးခဲ့ပါတယ်။

Photo credit: Moe Sat’s Facebook Acc
Photo credit: Moe Sat’s Facebook Acc

ဒီနေ့တော့ အပြုံးတွေ ၊အပျော်တွေ ၊

ပီတိတွေ ကူးစက်နေမယ်ဆိုတာ

ယုံကြည်ပါတယ်ခင်ဗျာ။???" ဆိုပြီး ပရိသတ်တွေကို ပီတိဖြစ်အောင် မျှဝေပေးထားပါတယ်။ 

Photo credit: Moe Sat’s Facebook Acc<div><br></div>
Photo credit: Moe Sat’s Facebook Acc

Source: Moe Sat’s Facebook Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T