မင်းသား Nam Joo Hyuk က သူငယ်တန်းနဲ့ မူလတန်းကျောင်းတက်တုန်းက မိန်းကလေးတော်တော်များများကို ချစ်ရေးဆိုခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

မတ်လ 21 ရက်နေ့က ဖက်ရှင်မဂ္ဂဇင်း တစ်ခုဖြစ်တဲ့ Esquire Korea က ဧပြီလထုတ်အတွက် Nam Joo Hyuk ရဲ့ Cover ဓာတ်ပုံတွေကို ထုတ်ဝေခဲ့ပါတယ်။ ဓာတ်ပုံတွေနဲ့အတူ မဂ္ဂဇင်းမှာလည်း လက်ရှိပြသနေတဲ့ ဒရမ်မာ 'Twenty Five Twenty One' အကြောင်းနဲ့ ပတ်သက်ပြီး အင်တာဗျူးကိုလည်း မျှဝေခဲ့ပါတယ်။

အင်တာဗျူးမှာ မေးတဲ့သူက ဒရမ်မာ 'Twenty Five Twenty One' ထဲက နာမည်ကြီးတဲ့ ဇာတ်ဝင်ခန်း တစ်ခုနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။ ဒါကတော့ မင်းသမီး Kim Tae Ri (Hee-do) နဲ့ မင်းသား Nam Joo Hyuk (Yi-jin) တို တံတားပေါ်မှာ အတူတူသက်တံ့ကြည့်ရင်း သူ့ရဲ့ခံစားချက်တွေကို Romantic ဆန်ဆန် Kim Tae Ri (Hee-do) ကို ဖွင့်ပြောခဲ့တဲ့ ဇာတ်ဝင်ခန်းပဲ ဖြစ်ပါတယ်။

မေးမြန်းတဲ့သူက "ဒီဇာတ်ဝင်ခန်းလေးက တကယ်ကို အကြိုက်ဆုံးအခန်းလေးဖြစ်တဲ့အပြင် အရမ်းကို ပီပြင်နေပါတယ်။ တကယ့်လက်တွေ့ဘဝမှာရော အဲ့လိုပြောခဲ့ဘူးလား? အဲ့အချိန်လေးတွေကို မှတ်မိသေးလား..? လို မေးမြန်း ခဲ့ပါတယ်။
Source : sbs star