၂၀၂၀ မှာ ပြသခဲ့တဲ့ JTBC ရဲ့ ကိုရီးယားဇာတ်လမ်းတွဲ Itaewon Class က ပရိသတ်အများကြီး ရရှိထားခဲ့ပါတယ်။ ဝက်ဘ်ကာတွန်း (Webtoon) လေးကို အခြေခံ ရိုက်ထားတဲ့ ဒီကားလေးက မတရားမှုကို တွန်းလှန်ဖို့ အတူတူ ကြိုးစားရုန်းကန်ကြတဲ့ လူငယ်တစ်စုအကြောင်း ဖြစ်ပါတယ်။

ဇာတ်သိမ်းပိုင်းမှာ ကြည့်ရှုသူ ပမာဏ ၁၈.၃ % နဲ့ JTBC ရဲ့ သမိုင်းမှာ ကြည့်ရှုသူ ဒုတိယအများဆုံး ဒရာမာလေး ဖြစ်ခဲ့ပါတယ်။ ပါဝင်တဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ ပတ်ဆိုဂျွန်းနဲ့ ကင်ဒါမီတို့ရဲ့ ဆံပင်ပုံစံနဲ့ စတိုင်လေးတွေ၊ ဇာတ်ဝင်ခန်း စကားပြောတွေနဲ့ သီချင်းလေးတွေပါ အောင်မြင်ခဲ့တာပါ။

ခုလို အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲဟာ ကိုရီးယားမှာသာမက ကမ္ဘာမှာပါ ပရိသတ် အခိုင်အမာ ရရှိထားတာပါ။ ဒီကားလေးကို အခုဆိုရင် ဂျပန်ဗားရှင်း ပြန်ရိုက်တော့မယ်လို့ သိရပါတယ်။

ဂျပန်မှာ Itaewon Class ကို နမူနာယူပြီး Ropoongi Class ဆိုတဲ့ webtoon လေး ရေးတာ အောင်မြင်ထားပါတယ်။ အဲဒါကြောင့် ဒီကားလေးကို ရုပ်ရှင်ပြန်ရိုက်ဖို့ ဆုံးဖြတ်တာလို့ သိရပါတယ်။

လုံးဝ နာမည်ကြီး လူငယ် မင်းသား မင်းသမီးလေးတွေ ပါဝင်မှာဖြစ်ပြီး အပိုင်း ၁၃ ပိုင်း ရှိမှာပါတဲ့နော်...။

Ref : https://www.soompi.com/article/1518906wpp/itaewon-class-confirmed-to-get-a-japanese-remake