Battleroyal ဂိမ်းတစ်ခုဖြစ်တဲ့ Fornite ကတခြားဂိမ်းတွေနဲ့မတူရတဲ့အကြောင်းရင်းတစ်ခုဟာ တိုက်ပွဲထဲမှာ အဆောက်အဦးတွေဆောက်နိုင်တာဖြစ်ပါတယ်။အဲ့ဒီအချက်ကြောင့်ပဲ ဂိမ်းဟာထူးခြားနေတာပါ။ဒါပေမဲ့လက်ရှိ Season မှာတော့အဲ့လိုမျိုး အဆောက်အဦးတွေဆောက်လို့ရတာကို အချိန်အကန့်အသတ်မရှိခဏဖယ်ရှားထားပါတယ်။ခုထွက်ရှိနေတဲ့သတင်းတွေနဲ့ Fornite ဂိမ်းအကြောင်းတွေ leak လုပ်နေကျရင်းမြစ်တွေရဲ့ပြောစကားအရတော့ နောက်ပိုင်းမှာလည်း အဲ့ဒီအဆောက်အဦးတွေဆောက်မရတဲ့ Mode သက်သက်ပါဝင်မယ်လို့သိရပါတယ်။

အဆောက်အဦးတွေဆောက်တဲ့လုပ်ဆောင်ချက်က Fornite ဂိမ်းရဲ့ Chapter 3 Season 2 စတဲ့အချိန်မှာဖယ်ရှားခံလိုက်ရတာပါ။နောက်ပိုင်းမှာလည်း Epic ဂိမ်းကအဲ့ဒါကိုမဖယ်ပစ်ပဲ ဂိမ်း Mode သက်သက်တစ်ခုအနေနဲ့ ထည့်သွင်းထားမှာပါတဲ့။
Fornite နဲ့ပတ်သက်တဲ့သတင်းတွေကို တင်ပေးနေကျ HYPEX ဆိုတဲ့တွစ်တာအကောင့်က လက်ရှိ Season ကုန်ရင် ကစားသမားတွေအနေနဲ့ ပုံမှန်ဆော့နေကျ အဆောက်အဦးတွေဆောက်လို့ရတဲ့ Mode နဲ့အဆောက်အဦးတွေမပါတဲ့ No Build Mode အသစ်ဆိုပြီးသက်သက်ခွဲထားမှာလို့ တင်ထားပါတယ်။
Seems like Epic IS planning to keep a No-Building modes, here are some signs/proofs ?
— HYPEX (@HYPEX) March 23, 2022
- There's SEPARATE No-Building modes that they can enable ANYTIME after this limited time event ends
- They changed most loading screen tips to say "In modes with building enabled ..." pic.twitter.com/SvQ5SkbCit
ဂိမ်းမစခင် Loading Screen တော်တော်များများကိုလည်း In Modes with Building enable ဆိုပြီးတွေ့ရမှာလို့တင်ထားပါတယ်။ဒါကြောင့်နောက်ပိုင်းဆို အဆောက်အဦးတွေနဲ့ဆော့ချင်သူကသက်သက်၊အဲ့ဒါတွေမပါပဲဆော့ချင်သူကသက်သက် ခွဲပြီးကစားနိုင်မှာပါ။
တခြား leak အကောင့်တစ်ခုဖြစ်တဲ့ TweaBR ကလည်း No Build Mode အသစ်ထဲမှာပါမဲ့ရုပ်ထွက် Menu ကိုပြပေးထားပြီး အဲ့ Mode ကိုSolo,Duos,Trios နဲ့ Squad တို့အကုန်လုံးမှာကစားနိုင်မဲ့အကြောင်းလည်းတင်ထားပါတယ်။
The 'No Builds' LTM that will be available after 8 days will be called 'Solo - No Build Battle Royale'.
— Twea - Fortnite Leaks (@TweaBR) March 21, 2022
there's other versions of It too but I took this one to show you the name of It! pic.twitter.com/7jHbZjZBUY
ဒီအကောင့်နှစ်ခုလုံးဟာ Fornite နဲ့ပတ်သက်တဲ့ သတင်းတွေကို ကြိုတင်လေ့ရှိတဲ့အကောင့်တွေဖြစ်ပြီး အကုန်လုံးနီးပါးကလည်းမှန်တယ်လို့သိရပါတယ်။Fornite ရဲ့ Developer Epic ကတော့ဘာမှအတည်ပြုပေးထားတာမရှိသေးပါဘူး။Fornite ရဲ့ Season တစ်ခုဟာ ၁၀ ပတ်ဝန်းကျင်လောက်ကြာတတ်တာမလို့ မေလကုန်ခါနီးလောက်ကျရင်တော့ တစ်ခုခုသေချာသိရမှာပါ။