F4 မှာ စကြွေခဲ့ရတဲ့ မင်းသား လီမင်ဟိုက ရွေးချယ်လိုက်တဲ့ ဇာတ်လမ်းတိုင်းမှာ မာနကြီးပြီး အလိုလိုက်ခံရတဲ့ သူဌေးသားအနေနဲ့ သရုပ်ဆောင်ခဲ့တာပါ။ ဒါပေမဲ့ ခုတစ်ခေါက်မှာတော့ ပုံမှန်မြင်နေကျ ပုံစံနဲ့ မတူဘဲ ကာရိုက်တာ အသစ်လေး ကြည့်ရတော့မှာပါ။

Pachinko လို့ အမည်ရတဲ့ ခုဇာတ်လမ်းတွဲလေးမှာ အပိုင်း ၁၃ ပိုင်း ပါဝင်မယ်လို့ သိရပါတယ်။ ဒီဇာတ်ကားက တကယ့်ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ သမိုင်းနောက်ခံဇာတ်လမ်းပါ။ ကိုရီးယားနိုင်ငံကနေ ဂျပန်ကို ထွက်ပြေးလာတဲ့ မိသားစုတွေအကြောင်း ရိုက်ထားတာပါ။ Pachinko ဆိုတဲ့ နာမည်နဲ့ နယူးယော့တိုင်းမ်စ် အရောင်းရဆုံး စာရင်းဝင်တဲ့ စာအုပ်ကို ပြန်ရိုက်မှာဖြစ်ပြီး ကိုရီးယား၊ ဂျပန်၊ အမေရိကန် ဘာသာစကား ၃ မျိုးနဲ့ ပြသသွားမှာပါ။

ဒီနေ့ မတ်လ ၂၅ ရက်နေ့မှာ ဇာတ်ကားလေးကို စတင်ထုတ်လွှင့်နေပါပြီ။ Apple TV plus မှာ အပိုင်း ၁ ကနေ ၃ အထိ တင်ထားတယ်လို့ သိရပါတယ်။

လီမင်ဟိုက ဂိုဏ်းစတားတွေနဲ့ ပတ်သက်နေတဲ့ သူဌေးတစ်ယောက်အနေနဲ့ သရုပ်ဆောင်မှာပါ။ သူ့ရဲ့ တည်ငြိမ်ခန့်ညားတဲ့ပုံစံနဲ့ လူမိုက်ခေါင်းဆောင်နဲ့ လိုက်ဖက်မလား၊ ဘယ်လိုလေးမြင်ရမလဲဆိုတာ ရင်ခုန်နေပါပြီ။


Photos - https://www.facebook.com/107513767361971/posts/699168514863157/





