ယနေ့ ၂၀၂၂ခုနှစ် မတ်လ(၂၂)ရက်နေ့ နံနက်(၉)နာရီက ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြိုနယ်တွင် ရာသီဥတုအခြေအနေမှာ မိုးရွာပြီး လေအနည်းငယ် တိုက်နေကြောင်း သိရပါတယ်။


ဘင်္ဂလားပင်လယ်အော်ကနေ ရွေလျားလာတဲ့ မုန်တိုင်းငယ်ဟာ ဒီနေ့မနက် ၁၁နာရီခွဲလောက်မှာ မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီးကို ဟိုင်းကြီးကျွန်းမြို အနီးကနေ စတင်ဖြတ်ကျော်ဝင်ရောက်ခဲ့တယ်လို မိုးလေဝသ ဇလဗေဒက ထုတ်ပြန်ထားပါတယ်။


နေ့လယ် ၁ နာရီ ဧရာဝတီတိုင်း လပွတ္တာမြို နယ်မှာ မိုးရွာပြီး လေတိုက်နေကာ မြစ်ရေပါတက် နေတယ်လို သိရပါတယ်။ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု ရှိ မရှိကိုတော့ မသိရသေးပါဘူး။



Source : AKonThi