ဇာတ်လမ်းတွဲများနှင့် ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်ပြီး ချစ်စရာကောင်းတဲ့ စကားပြောဟန်ဆိုဟန် နှင့် လှပကျော့ရှင်းတဲ့ ခန္ဓာကိုယ် အလှကြောင့် ပရိတ်သတ်ရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူကတော့ မင်းသမီးချောလေး ဆုအိမ့်စံ ပဲဖြစ်ပါတယ်။


ပရိတ်သတ်က ချစ်စနိုးနဲ့ ဆုဆု လို့ခေါ်ကြတဲ့ မင်းသမီး ဆုအိမ့်စံ ဟာ ရုပ်ရှင်ဇာတ်ကားကြီးများတွင်ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် သူမရဲ့ သရုပ်ဆောင်ပီပြင်မှုကြောင့် ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိလာခဲ့သူတစ်ဦးဖြစ်ပါတယ်။


ဒီကနေ့ဟာ ဆုအိမ့်စံ ရဲ့ အသက်(၂၈)နှစ်ပြည့် မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ပရိတ်သတ်က ချစ်ရတဲ့ ဆုဆု လည်း အနုပညာခရီးလမ်းမှာ ဒီ့ထက်ပိုပြီး အောင်မြင်ကျော်ကြားနိုင်ပြီး ပျော်ရွှင်ချမ်းမြေ့ခြင်းတွေနဲ့ပြည့်စုံပါစေ လို့ ဆုတောင်းပေးလိုက်ရပါတယ်။




