၁၃ နှစ်ကြာတဲ့ထိ ငယ်ငယ်ကလို လှနေတုန်းဖြစ်တဲ့ F4 ကားထဲက ဒုတိယမင်းသမီးလေး ကင်ဆိုအွန်း

//s9.kh1.co/ab/ab094668e469451df2523035b50d385d90de5546.jpg
အနုပညာရှင်များ

 ၂၂-မတ်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၄ နှစ် က

.

မြန်မာပရိသတ်တွေ အရမ်းအားပေးခဲ့ကြတဲ့ F4 သို့မဟုတ် Boys Over Flowers ဆိုတဲ့ ဇာတ်လမ်းတွဲလေး ထွက်ခဲ့တာ ခုဆို ၁၃ နှစ် ရှိသွားခဲ့ပါပြီ။ ဇာတ်လိုက်မင်းသားဖြစ်တဲ့ လီမင်ဟိုက အဲဒီကားကစပြီး ခုချိန်ထိ လျှမ်းလျှမ်းတောက် အောင်မြင်နေဆဲပါ။

https://s9.kh1.co/__image/w=650,h=366,q=100/eb/ebb53305b083130ea55be65ce0f21df0d81b35da.jpg

အဲဒီဇာတ်ကားထဲမှာ ကျောင်းသူမလေး ၂ ယောက်ကို မှတ်မိကြမှာပါ။ တစ်ယောက်ကတော့ လီမင်ဟိုနဲ့ တွဲမဲ့ မင်းသမီး ဂိုဟယ်ဆွန်း ဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ သူမရဲ့ အချစ်ဆုံး သူငယ်ချင်းအနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးလေး ကင်ဆိုအွန်းပါ။

https://s9.kh1.co/__image/w=600,h=400,q=100/42/423ec91b9c0c98178d5ed2c6ee40cdcd4f1ab8af.png

ကင်ဆိုအွန်းလေးရဲ့ မျက်နှာက အရမ်းကို မိန်းကလေးဆန်ဆန်လေး နူးညံ့လှပတာမို့ ဇာတ်လမ်းထွက်စကတည်းက ပရိသတ်တွေ ချစ်ခဲ့ကြတာပါ။ အထူးသဖြင့် သူမရဲ့ မျက်လုံးလေးတွေက ဝိုင်းစက်ပြီး တလဲ့လဲ့ တောက်ပနေတာကြောင့် ပိုပြီး နာမည်ကြီးခဲ့ပါတယ်။

https://s9.kh1.co/__image/w=620,h=775,q=100/4f/4fdada8639001bcbbc1eda6d9ba4a3ec849ce611.jpg

ဒါကြောင့်ပဲ F4 ဇာတ်လမ်းတွဲအပြီးမှာ သူမကို ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ဖို့ ကမ်းလှမ်းခဲ့ကြပါတယ်။ A Thousand Kisses, Horse Doctor, Liar Game စတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့ပေမဲ့ ထင်သလောက် အောင်မြင်မှု မရခဲ့ပါဘူး။

https://s9.kh1.co/__image/w=620,h=775,q=100/9f/9f2113b08a81047eeeeb52cc2e87851a5920a372.jpg

လွန်ခဲ့တဲ့နှစ်က Monthly Magazine Home ဆိုတဲ့ ဒရာမာမှာတော့ ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ ပရိသတ်တွေ အံ့အားသင့်ခဲ့ရတာက ၁၃ နှစ် ကြာပြီးတာတောင် နုပျိုလှပနေဆဲ သူမရဲ့ ရုပ်ရည်ကိုပါပဲ။

https://s9.kh1.co/__image/w=620,h=789,q=100/4b/4b65b26c359c06fb4f2bdc0c18c9726ad2f293e6.jpg

F4 ကားထဲက ထက်တောင် ပိုလှ ပိုနုနေသေးတယ်လို့ ပြောနေကြပါတယ်။ တကယ်လည်း အသက် ၃၃ နှစ်သာ ရှိသွားပေမဲ့ သူမက ဆယ်ကျော်သက်လေးလိုပါပဲ။

https://s9.kh1.co/__image/w=620,h=413,q=100/fb/fbcf4b2b790a709afca1b37567280191035c86b7.jpg
https://s9.kh1.co/__image/w=620,h=464,q=100/26/260d4e1cdf419a623e66b0d8ccfbf42ca735311d.jpg

Ref : https://kbizoom.com/the-admirably-youthful-visual-of-porridge-girl-of-boys-over-flower-after-13-years/

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T