မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်ကတော့ အမျိုးသမီးလေးတွေသာမက အမျိုးသား ပရိသတ်တွေရဲ့ အသည်းကျော်တစ်ဦးပါ။ သူ့ကို ၂၀၂၁ ခုနှစ် ဧပြီမှာ ဖမ်းဆီးထိန်းသိမ်းခံရစဥ်က တစ်တိုင်းပြည်လုံးသာမက နိုင်ငံတကာ ပရိသတ်တွေပါ စိတ်ထိခိုက်ခဲ့ရပါတယ်။ ဒီလ ၂ ရက်နေ့မှာ လွတ်မြောက်လာပြီးမှ အားလုံး စိတ်ဒုံးဒုံးချနိုင်တာပါ။

အခုဆိုရင် ပိုင်တံခွန်က အနုပညာ လှုပ်ရှားမှုလေးတွေပါ ပြန်လုပ်နေပါပြီ။ သူ့ရဲ့ ဆိုရှယ်မီဒီယာတွေ ဖြစ်တဲ့ facebook နဲ့ instagram အကောင့်လေးတွေမှာ သူ့ရဲ့ ပုံရိပ်လေးတွေကို ချစ်စရာကောင်းတဲ့ အပြောလေးတွေနဲ့ ပြန်မြင်လာရပါပြီ။

ဒီတစ်ခါမှာတော့ ပရိသတ်ချစ်တဲ့ ပိုင်တံခွန်က သူ့ကိုယ်သူ လူပျိုကြီး ဇာတာ ပါတယ်ထင်တယ်ဆိုပြီး ရေးသားခဲ့ပါတယ်။

ပိုင်တံခွန်က အိမ်မွေး တိရစ္ဆာန်လေးတွေကို အရမ်း ချစ်တတ်သူပါ။ သူ့ရဲ့ ကြောင်လေးတွေ ခွေးလေးတွေကို အရမ်း ဂရုစိုက်မှန်း သိသာပါတယ်။ ဒီလို အချိန်တွေ ပေးနေတဲ့သူကို သည်းခံနိုင်တဲ့ မိန်းမ မရှိလောက်ဘူးဆိုတဲ့ ကပ်ရှင်လေးနဲ့ မနေ့က သူ့ရဲ့ facebook မှာ တင်ထားခဲ့ရာမှာ ပရိသတ် 3.5 k က နှစ်သက်ကြောင်း ပြခဲ့ကြပါတယ်။

Photos Courtesy - Paing Ta Khon Facebook







