ဒူဘိုင်းမြို့အာဏာပိုင်တွေရဲ့ နိုင်ငံဝင်ခွင့် ပိတ်ပင်ခြင်းခံရတဲ့ ထိုင်း လိင်ပြောင်း မော်ဒယ်တစ်ဦး

//s9.kh1.co/3d/3df3f21437dc9ec0b5b33c3a92d03f6026c6fbd8.jpg
အနုပညာရှင်များ

 ၂၁-မတ်-၂၀၂၂ ၃pm · လွန်ခဲ့သော ၃ နှစ် က

ပတ်စ်ပို့မှာ ယောကျ်ားလေးပုံ ဖြစ်နေတာကြောင့် ....

လိင်ပြောင်းထားတဲ့ ထိုင်းမော်ဒယ်တစ်ဦးက ထိုင်းရိုးရာဝတ်စုံနဲ့ ဖျော်ဖြေပွဲလုပ်ဖို့ ဒူဘိုင်းနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားပေမယ့် လေဆိပ်မှာ တာဝန်ရှိသူတွေက ဝင်ခွင့်ကိုတားမြစ်ခဲ့ပါတယ်။ သူမက 2014 ခုနှစ် Miss Tiffany Universe အလှမယ်ပြိုင်ပွဲမှာ ပထမဆုရရှိခဲ့တဲ့ Rachaya Noppakaroon ဖြစ်ပြီး သူမက အမျိုးသမီးပုံစံနဲ့ ပြင်ဆင်ထားပေမယ့် နိုင်ငံကူးလက်မှတ်မှာတော့ အမျိုးသား လို့ ဖော်ပြထားတာကြောင့်ပါ။

Photo Credit : Coconuts bangkok
Photo Credit : Coconuts bangkok

Passport မှာ လိင်အမျိုးအစား မတူညီတာကြောင့် ဝင်ခဲ့မပေးဘဲ ဒူဘိုင်းလူဝင်မှုကြီးကြပ်ရေးဌာနမှာ ကိုးနာရီကျော်ကြာ စောင့်ဆိုင်းထားခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။

Photo Credit : Coconuts bangkok
Photo Credit : Coconuts bangkok

ဘယ်လိုအကြောင်းအရင်းကြောင့် ဒီလိုကွဲလွဲနေသလဲဆိုတာကို Rachaya Nappakaroon က သူမရဲ့ ဆိုရှယ်မီဒီယာအကောင့်ကနေတစ်ဆင့် ရှင်းလင်းပြောပြထားပါတယ်။ "ကျွန်မ ပတ်စ်ပို့ကိုင်ပြီး အခန်းထဲဝင်သွားတော့ သူတို့က ဘာလို့ ယောက်ျားလို့ ရေးထားတာလဲလို့ မေးခဲ့ပါတယ်။ ကျွန်မအတွက် ဒါက အိပ်မက်ဆိုးတစ်ခုလိုပါပဲ။ အိပ်မက်ဆိုးကနေ လုံးဝကို လန့်နိုးလိုက်ရသလိုပဲ” လို့ ရေးသားထားပါတယ်။

Photo Credit : Coconuts bangkok
Photo Credit : Coconuts bangkok

ကိုးနာရီကြာ စစ်ဆေးမေးမြန်းပြီးနောက်မှာတော့ Rachaya က သူမရဲ့ နိုင်ငံကူးလက်မှတ်က လိင်အမျိုးအစား မတူညီတာကြောင့်ထိုင်းနိုင်ငံကို ပြန်လာခဲ့ရတာပဲ ဖြစ်ပါတယ်။ နာမည်ကြီး လိင်ပြောင်းမော်ဒယ် Rachaya က နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ World Expo ပွဲမှာ Thailand Pavillion ပြပွဲစင်တာမှာ ထိုင်းပြဇာတ်တွေနဲ့ ဖျော်ဖြေဖို့ စီစဉ်ထားခဲ့တာဖြစ်ပါတယ်။

Photo Credit : Coconuts bangkok
Photo Credit : Coconuts bangkok

သူမက ဒူဘိုင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိနေချိန် ဟိုတယ်ကြိုတင်ငှားရမ်းခြင်း၊ ကာကွယ်ဆေးလက်မှတ်တွေနဲ့ ပွဲလက်မှတ်တွေ အပါအဝင် အရာအားလုံး အဆင်သင့်ဖြစ်နေပြီလို့ ဆိုရှယ်မီဒီယာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

Photo Credit : Coconuts bangkok
Photo Credit : Coconuts bangkok

နိုင်ငံထဲ ဝင်ဖို့ လေဆိပ်အရောက်မှာတော့ သူမရဲ့ အမျိုးသား၊ အမျိုးသမီး လိင်ကွဲလွဲနေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ သူမရဲ့ ရင်သားတွေ ကြီးခြင်း၊ သေးခြင်း အကြောင်းအရာတွေအထိ အရာရှိတွေရဲ့ နာရီပေါင်းများစွာ မေးမြန်းတာတွေ ခံခဲ့ရတာဖြစ်ပါတယ်။ 

Photo Credit : Coconuts bangkok
Photo Credit : Coconuts bangkok
Photo Credit : Coconuts bangkok
Photo Credit : Coconuts bangkok

Source : Coconuts bangkok

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T