"မကြေးစည်"ဇာတ်လမ်းတွဲ ရိုက်ကူးပြီး ကွယ်လွန်သွားကြတဲ့ ဒါရိုက်တာအောင်ဗပါဝါနဲ့ ဦးလူမုန်း တို့ရဲ့ ပုံလေးတွေနဲ့အတူ သတိရကြောင်း ပြောလာတဲ့ နက္ခတ်

//s9.kh1.co/b3/b3bf7dfa80e38111eff966896f7893756fbe7e77.jpg
အနုပညာရှင်များ

 ၂၁-မတ်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ရိုက်ကူးပြီးလို့ နှုတ်ဆက်ခဲ့ရတာက အပြီးတိုင်နှုတ်ဆက်ခြင်းလို မထင်ခဲ့မိဘူးတဲ့....

ပရိသတ်တွေ အားပေးချစ်ခင်ရတဲ့ သရုပ်ဆောင် မင်းသားနက္ခတ်ကတော့ MRTV-4 ဇာတ်လမ်းတွဲတွေက တစ်ဆင့် အနုပညာလောကထဲကို လျှောက်လှမ်းခဲ့သူ ဖြစ်ပြီး အခုဆိုရင် ပရိသတ်ရင်ထဲမှာ နေရာယူနိုင်သည်ထိကို အောင်မြင်နေပြီပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ မကြေးစည် ဇာတ်လမ်းတွဲလေးက ပြီးဆုံးသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Nat Khat's FB Acc 
Photo Credit : Nat Khat's FB Acc 
Photo Credit : Nat Khat's FB Acc 
Photo Credit : Nat Khat's FB Acc 

နက္ခတ်က ဒီဇာတ်လမ်းတွဲ ရိုက်ကူးခဲ့တဲ့ အချိန်တုန်းက ကွယ်လွန်သွားပြီဖြစ်တဲ့ ဒါရိုက်တာအောင်ဗပါဝါနဲ့ ဦးလူမုန်း တို့ရဲ့ ပုံလေးတွေနဲ့အတူ လွမ်းဆွတ်သတိရကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။ "မကြေးစည်"ဇာတ်လမ်းတွဲလေး လဲ

ပြီးဆုံးသွားပါပြီ

မီးတွေ ပျက်နေတဲ့ ကြားထဲ

ကဖုန်းဘေလ် ကုန်ခံ ပြီး အားပေးကြတဲ့ ပရိတ်သတ်တွေ အားလုံးကို လဲ ကျေးဇူးတင်ပါတယ်

ဒီကားလေးမှာပါဝင် သရုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့တဲ့

ဆရာဦးသီ ကိုလဲ ကျေးဇူးတင်ပါတယ်ဗျ

Photo Credit : Nat Khat's FB Acc 
Photo Credit : Nat Khat's FB Acc 
Photo Credit : Nat Khat's FB Acc 
Photo Credit : Nat Khat's FB Acc 

ဒီဇာတ်လမ်းတွဲ လေးကို ရိုက်ကူးခဲ့တဲ့

ဆရာဦးအောင်ဗပါဝါ နဲ့ အတူတူ သရုပ်ဆောင်ခဲ့ကြတဲ့ ဘဘဦးလူမုန်း ကို ဇာတ်လမ်းတွဲ

ရိုက်ကူးပြီးလို့နှုတ်ဆက်ခဲ့ ရတာ ဟာ

အပြီးတိုင်နှုတ်ဆက်ခြင်းလို့ မထင်ခဲ့မိဘူးဗျာ ??

လူ့ဘဝဆိုတာ ရခဲလှတဲ့ အပြင်

ရှင်သန်ရမယ့်အချိန်တွေ ဟာလဲ

တိုတောင်းလွန်းပါတယ်

Photo Credit : Nat Khat's FB Acc 
Photo Credit : Nat Khat's FB Acc 
Photo Credit : Nat Khat's FB Acc 
Photo Credit : Nat Khat's FB Acc 

လူသားအားလုံးအပေါ် မေတ္တာစိတ်ကိုရှေ့ထား၍

အပြစ်မမြင် ချစ်ခင်ပြီး အပြုံးပန်းဝေဆာစွာနဲ့ လှပတဲ့ ဘဝလေးတွေ တည်ဆောက်နိုင်ကြပါစေလို့

ဆုတောင်းပေးလိုက်ပါတယ်

မတူညီတဲ့ ဇာတ်ကောင်တွေနဲ့ပရိတ်သတ်တွေဆီ ကို

ကျနော် ပြန်လာခဲ့ပါမယ်

အားလုံးကိုအစဉ်ထာဝရချစ်ခင်လေးစားလျက်" ဆိုပြီး သူရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။

Photo Credit : Nat Khat's FB Acc 
Photo Credit : Nat Khat's FB Acc 
Photo Credit : Nat Khat's FB Acc
Photo Credit : Nat Khat's FB Acc

Source : Nat Khat's FB Acc 

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T