ဟယ်ရီပေါ်တာဇာတ်ကားတွေအားလုံးမှာ အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Daniel Radcliffe ဟာ ဟယ်ရီပေါ်တာအဖြစ် ပြန်သရုပ်မဆောင်ချင်တော့ဘူးလို့ ထုတ်ပြောလာခဲ့ပါတယ်။

ဟယ်ရီပေါ်တာနှစ် ၂၀ ပြည့်အထိမ်းအမှတ်အနေနဲ့ ရုပ်ရှင်ထွက်ရှိထားပြီးတဲ့နောက် ပထမဆုံးရုပ်ရှင်ဖြစ်တဲ့ Harry Potter and the Sorcerer’s Stone ကိုရိုက်ကူးခဲ့သူ ဒါရိုက်တာ Chris Columbus ဟာထပ်ထွက်ဖို့ရှိတဲ့ Harry Potter and the Cursed Child ရုပ်ရှင်ကိုပါ မူရင်းသရုပ်ဆောင်သုံးယောက်နဲ့အတူ ရိုက်ကူးချင်ကြောင်း ထုတ်ပြောခဲ့ပါတယ်။

ဒါပေမဲ့ Radcliffe ကတော့လောလောဆယ် The New York Times နဲ့အင်တာဗျူးတစ်ခုမှာ Cursed Child ရုပ်ရှင်နဲ့ပတ်သက်ပြီး သူ့ကိုမေးခွန်းတစ်ခုမေးခဲ့ချိန် “လောလောဆယ်တော့ အဲ့ရုပ်ရှင်မှာပါဖို့ စိတ်မဝင်စားသေးဘူး”လို့ဖြေခဲ့ပါတယ်။
“ကျွန်တော်ကတော့ ဟယ်ရီပေါ်တာဇာတ်ကောင်အတွက် အဆင်ပြေခဲ့တယ်လို့ခံစားရပြီး အခုအခြေအနေအတိုင်းလေးပဲ ပျော်နေပါတယ်။တကယ်လို့ဟယ်ရီပေါ်တာထဲပြန်ပါမယ်ဆို ကျွန်တော့်ဘဝမှာ အပြောင်းအလဲကြီးဖြစ်သွားမှာပါ”လို့သူကပြောခဲ့ပါတယ်။

“ဟယ်ရီပေါ်တာထဲ ဘယ်တော့မှ ပြန်မဝင်တော့ဘူးလို့တော့ ကျွန်တော်လုံးဝမပြောပါဘူး”လို့ထပ်ပြောခဲ့ပါတယ်။သူ့အတွက်တော့ အခုနှစ် ၂၀ စာအချိန်ကာလဟာ ၁၀ နှစ်လောက်လိုပါပဲတဲ့။
နှစ်ပေါင်းများစွာ ဒီသရုပ်ဆောင်တွေနဲ့ပဲ ကြည့်ခဲ့တဲ့ ဟယ်ရီပေါ်တာဇာတ်ကောင်တွေကို တခြားသရုပ်ဆောင်တွေနဲ့ မြင်ရမှာကသိပ်မကောင်းဘူးလို့ ပြောနိုင်ပါတယ်။ဒါပေမဲ့လုံးဝပြန်မလာတော့ဘူးလို့ပြောတာမဟုတ်တာကြောင့် နောက်ပိုင်းဇာတ်ကားတွေမှာ မူလသရုပ်ဆောင်တွေ ပြန်ပါလာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။