Thai TV 3 Channel နဲ့ လက်တွဲထားကြတဲ့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး မင်းသမီးများ

//s9.kh1.co/80/80dbce44f4376708cfecace896c31e58da4ea70b.jpg
အနုပညာရှင်များ

 ၁၈-မတ်-၂၀၂၂ ၂pm · လွန်ခဲ့သော ၄ နှစ် က

အချောလေးတွေကို စုစည်းထားတာပဲ ...

ထူးချွန်ထက်မြက်ပြီး ရေပန်းစားတဲ့ ထိုင်းမင်းသမီးတော်တော်များများဟာ နာမည်ကြီး ရုပ်သံလိုင်းတွေထဲက တစ်ခုဖြစ်တဲ့ Thai TV3 နဲ့ အလုပ်တွဲလုပ်ကြပါတယ်။

Bella Ranee

Photo Credit : thaiupdate
Photo Credit : thaiupdate

ထိပ်တန်းမင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ Bella ကတော့ ၂၀၂၀ လ လယ်ပိုင်းလောက်ထဲက TV Channel နဲ့ စာချုပ်ချုပ်ထားခဲ့တာ ဖြစ်ပါတယ်။ သူမက လက်ရှိမှာလည်း မင်းသား Pope Thanawat. နဲ့ အတူ “Love Destiny 2” ကို ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။

Taew Natapohn

Photo Credit : thaiupdate
Photo Credit : thaiupdate

Taew ကတော့ ၂၀၂၁ ကုန်လောက်တည်းက Channel နဲ့ လက်တွဲထားတာ ဖြစ်ပြီး အခုအချိန်ထိ စာချုပ်သက်တမ်းမကုန်သေးပါဘူး။ ပြောကြားချက်တွေအရတော့ Taew က မကြာခင် Project အသစ်တွေ နဲ့ ပြန်လည်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Kimmy Kimberley

Photo Credit : thaiupdate
Photo Credit : thaiupdate

Kimmy Kimberley ကတော့ နာမည်ကျော် မင်းသားချော Mario Maurer.နဲ့ အတူ “Royal Doctor” ဆိုတဲ့ ဇာတ်ကားလေးကို ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Nadech Kugimiya နဲ့လည်း အဓိကမင်းသမီးနေရာကနေ ပါဝင်သွားမှာ ဖြစ်ပါတယ်။

Yaya Urassaya

Photo Credit : thaiupdate
Photo Credit : thaiupdate

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းအမျိုးသမီးတစ်ယောက်ဖြစ်တဲ့ YaYa ကတော့ TV 3 ရဲ့ Drama ဖြစ်တဲ့ “Lai Kinaree” ကို သူရဲ့ချစ်သူ Nadech နဲ့ အတူ တွဲဖက်ပြီး သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ သူမရဲ့ Drama အသစ်ဖြစ်တဲ့ Mario Maurer နဲ့ ရိုက်ကူးထားတဲ့ “Bad Romeo” ကားကလည်း မကြာခင်မှာ ပရိသတ်တွေဆီကို ရောက်တော့မှာပဲ ဖြစ်ပါတယ်။

Mew Nittha

Photo Credit : thaiupdate
Photo Credit : thaiupdate

မင်းသမီးချောလေး Mew ကတော့ ကလေးလေး မွေးပြီးသွားကတည်းက Drama တွေ မရိုက်ကူးဖြစ်တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေကလည်း သူမ ရဲ့ Drama အသစ်တွေနဲ့ Comeback ပြန်လာဖို့ကို မျှော်နေကြတာပဲ ဖြစ်ပါတယ်။

Source : thaiupdate

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T