Blackpink အဖွဲ့ဆိုတာက နာမည်ကျော် မိန်းမချော ၄ ယောက် နဲ့ ဖွဲ့စည်းထားတဲ့ အိုင်ဒေါအဖွဲ့လေးပါ။

သူတို့ဟာ သီချင်းဆိုကောင်းရုံမက ရုပ်ရည်ကလည်း ဆွဲဆောင်မှုအပြည့်ပါ။ ဒါတင်မက သူတို့ရဲ့ ဖက်ရှင်တွေဟာ တစ်ကမ္ဘာလုံးကို ကိုင်လှုပ်နိုင်စွမ်း ရှိပါတယ်။ ဒီနေ့တော့ ၄ ယောက်ထဲက ထိုင်းမလေး လာလီဆာ မာနိုဘန်းရဲ့ Crop top ဖက်ရှင်လေးတွေကို စုစည်း တင်ပြချင်ပါတယ်။

သူမဟာ စတိတ်စင်ပေါ်မှာ ဖြေဖျော်ရင်လည်း crop top ကို ဇီးရိုးကွာတားလေးနဲ့ အလှဆင်ပြီး ကောက်ကြောင်းအလှကို ကြွားဝါလေ့ရှိပါတယ်။

ပေါ့ပေါ့ပါးပါး ဝတ်စုံလေးမှာတောင် အထာကျနေတာ လီဆာပါ။ crop top က ဂျင်းနဲ့လည်း တကယ်လိုက်ပါတယ်။

Denim အပြဲလေးနဲ့တောင် sassy ဖြစ်နေတာ လီဆာပဲပေါ့။ သူမရဲ့ ခါးလေးက သေးသွယ်နေတာနော်။

လီဆာလို့ ပြောလိုက်ရင် မျက်လုံးထဲ ပြေးမြင်တာက ဆံမြိတ်ကလေးရယ် crop top နဲ့ ခါးသေးသေးလေးတွေဖြစ်ပါတယ်။

လီဆာလေးရဲ့ အလှအပတွေကို ခံစားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်နော်။

Ref : https://www.iwmbuzz.com/music/celebrities-music/4-coolest-ways-to-style-crop-top-fashion-with-blackpink-lisa/2022/03/13