လောကကြီးထဲကနေ ထွက်ခွာသွားတဲ့ ချစ်သူရဲ့ ၈ လပြည့်နေ့လေးမှာ ကောင်းမှုကုသိုလ်လေး ပြုလုပ်ပေးခဲ့တဲ့ ညီထွဋ်ခေါင်

//s9.kh1.co/dc/dcd8a0a665ede1d2daf33bed06d8b83603636f88.jpg
အနုပညာရှင်များ

 ၁၁-မတ်-၂၀၂၂ ၃pm · လွန်ခဲ့သော ၄ နှစ် က

.

သရုပ်ဆောင် ညီထွဋ်ခေါင် ဟာ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိပြီး ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝ ရရှိထားတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတာ တွေ့ရသလို ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့အတူ ဟာသဗီဒီယိုလေးတွေ ရိုက်ကူးပြီး ဖော်ပြပေးတာ တွေ့ရပါတယ်။ လွန်ခဲ့တဲ့ ကိုဗစ်ကာလအတွင်းမှာတော့ ညီထွဋ်ခေါင်ဟာ စိတ်မကောင်းစရာ ဖြစ်ရပ်တစ်ခုကို ကြုံတွေ့ခဲ့ရပါတယ် ။ ဒါကတော့ နှစ်အကြာကြီး တွဲခဲ့တဲ့ ချစ်သူဟာ လောကကြီးထဲကနေ အပြီးအတိုင် ထွက်ခွာသွားတာကြောင့် ပဲဖြစ်ပါတယ်။

Photo Credit - Nyi Htut Khaung
Photo Credit - Nyi Htut Khaung
Photo Credit - Nyi Htut Khaung
Photo Credit - Nyi Htut Khaung

ယခုအချိန်ထိလည်း ညီထွဋ်ခေါင်ဟာ ချစ်သူအတွက် ယူကြုံးမရဖြစ်ပြီး မကြာခဏလည်းဝမ်းနည်းမှုတွေနဲ့ စိတ်မကောင်းစရာလေးတွေကို သူ့ရဲ့ လူမှုကွန်ယက်မှာ ရင်ဖွင့်ပြောပြတာ တွေ့ရပါတယ်။ ဒါ့အပြင် ချစ်သူအတွက် ရည်စူးပြီး ကောင်းရာဘုံဘဝကနေ သာဓုခေါ်ဆိုနိုင်အောင် တစ်လပြည့်တိုင်းမှာ ကောင်းမှုကုသိုလ်လေးတွေ ပြုလုပ်တာ တွေ့ရပါတယ်။ ယမန်နေ့ကတော့ ညီထွဋ်ခေါင်ရဲ့ ချစ်သူကွယ်လွန်သွားတာဟာ ၈ လ ပြည့်ခဲ့ပြီဖြစ်ပါတယ် ။ ချစ်သူ ကွယ်လွန်ခြင်း ၈ လပြည့်အတွက် ညီထွဋ်ခေါင်က ကောင်းမှုကုသိုလ်လေးတစ်ခု ပြုလုပ်ပေးခဲ့ပါတယ်။

Photo Credit - Nyi Htut Khaung
Photo Credit - Nyi Htut Khaung
Photo Credit - Nyi Htut Khaung
Photo Credit - Nyi Htut Khaung

ဒီအလှူလေးကတော့ ကျောင်းရှိသံဃာတော်ကို ကိုယ်တိုင်ကိုယ်ကျ ဆွမ်းကပ်လှူပြီး ချစ်သူအတွက်ရည်စူးပြီး ကုသိုလ်လေး ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့လူမှုကွန်ယက်မှာ စိတ်မကောင်းစရာ ရေးသားထားရာမှာလည်း "ဒီနေ့ ၈ လပြည့်ပြီ တကယ်မရှိတော့ဘူး ဆိုတာ လက်ခံနိုင်ဖို့ ကြိုးစားရင်း....ရည်စူး ကုသိုလ်ပြုပါတယ် မေ...လွမ်းတယ် " ဆိုပြီးရေးသားထား‌တာ တွေ့ရပါတယ် ။ ညီထွဋ်ခေါင် ပြုလုပ်ပေးခဲ့တဲ့ ကောင်းမှုကုသိုလ်လေးကို ‌မေ တစ်ယောက် ကောင်းရာဘုံဘဝကနေ သာဓုခေါ်ဆိုနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Photo Credit - Nyi Htut Khaung
Photo Credit - Nyi Htut Khaung

သတင်း အရင်းအမြစ် Source - Nyi Htut Khaung

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T