ပြည်သူ့ အချစ်တော် မော်ဒယ်မင်းသားချော ပိုင်တံခွန် ကတော့ အလုပ်ကြမ်း နဲ့ ထောင်ဒဏ် (၃) နှစ်ချမှတ်ခံလိုက်ရပေမယ့် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မတ်လ (၂) ရက်နေ့မှာပဲ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။ ပိုင်တံခွန်လွတ်မြောက်လာခြင်းကို မိသားစုဝင်တွေသာမက ပရိသတ်တွေကလည်း အတိုင်းထက်လွန် ပျော်ရွှင်ဝမ်းသာနေကြတာပဲ ဖြစ်ပါတယ်။


မနေ့က မတ်လ (၉) ရက်နေ့က ပိုင်တံခွန်ရဲ့ အမဖြစ်သူ မေချစ်သွေးရဲ့ မွေးနေ့ပဲ ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့မှာ မောင်လေးပိုင်တံခွန်နဲ့အတူတူ ဖြတ်သန်းခဲ့ရတာကြောင့် အတိုင်းမသိဝမ်းသာနေတာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်နဲ့ အတူတူ တွဲရိုက်ထားတဲ့ ပုံလေးနဲ့ အတူ "The best birthday present for me??" ဆိုတဲ့ စာလေးနဲ့အတူ Instagram Acc မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။


March လ ၅ ရက်နေ့ကလည်း ပိုင်တံခွန်ရဲ့ မေမေမွေးနေ့ဖြစ်ပြီး မွေးနေ့မှာ သားဖြစ်သူပိုင်တံခွန်နဲ့ တူတူဖြစ်သန်းခဲ့ရတာကြောင့် ဝမ်းသာနေကြသလို အခု အစ်မ မေချစ်သွေးမွေးနေ့မှာလည်း မိသားစုဆုံဆုံလင်လင် ရှိနေတာကြောင့် ပျော်ရွှင်နေကြတာဖြစ်ပါတယ်။


သားအမိနှစ်ယောက်လုံးက ပိုင်တံခွန်ကို သူတို့ရဲ့ မွေးနေ့မှာ ဘယ်အရာနဲ့မှ လဲလို့မရတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်လေးရလိုက်တာဆိုပြီး ပြောနေကြတာပဲဖြစ်ပါတယ်။ ပိုင်တံခွန်ကြောင့် မိသားစုတွေလည်း ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးစရာမလိုအောင် ပျော်ရွှင်မှု့တွေ ပိုင်ဆိုင်နေပြီလို့ထင်ပါတယ်။
Source: May Chit Thway's IG Acc





