Twenty Five, Twenty One ထဲက မင်းသမီးချော ကင်ထယ်ရီရဲ့ အကြည်ဓာတ်ကလေး

//s9.kh1.co/c1/c1cc8c8baba125926104a359d8eddba893080197.jpg
အနုပညာရှင်များ

 ၀၉-မတ်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိ ထုတ်လွှင့်ပြသနေဆဲ ကိုရီးယားဇာတ်လမ်းတွဲတစ်ခု ဖြစ်တဲ့ Twenty Five, Twenty One ဟာ ချစ်စရာကောင်းတဲ့ ကိုကြီးနဲ့ ညီမလေး ဇာတ်လမ်းလေးပါ။ အပြင်အဆင်လေးတွေကလည်း ၁၉၉၈ ဝန်းကျင်ကာလကို အခြေခံထားတာမို့ ပရိသတ်တွေ အရမ်းသဘောကျကြပါတယ်။

https://s9.kh1.co/__image/w=200,h=267,q=100/73/73703856cc3acc754f3da61d7facca4bd7e94ce5.jpg

ဒီဇာတ်ကားထဲမှာ မနူးမနပ် နွဲ့ဆိုးဆိုးတဲ့ ဆယ်ကျော်သက် ကျောင်းသူမလေးအဖြစ် သရုပ်ဆောင်တဲ့ မင်းသမီး ကင်ထယ်ရီဟာ အပြင်မှာ အသက် ၃၁ နှစ် ရှိနေပါပြီတဲ့။ တကယ် မထင်ရဘူးနော်။ 

https://s9.kh1.co/__image/w=650,h=650,q=100/e3/e37f32255545014fc3774779ab7835bfe0efd5e6.jpg

သူမရဲ့ အသားအရည်ဟာ နူးညံ့ချောမွတ်ပြီး glow နေတာပါပဲ။ သွားလေးတွေက ဖြူဖွေး ညီညာနေပြီး မျက်လုံးဝိုင်းဝိုင်းလေးနဲ့ တကယ် ကလေးလေးလို ချစ်စရာကောင်းတဲ့ ကင်ထယ်ရီပါ။ 

https://s9.kh1.co/__image/w=650,h=650,q=100/61/6158665aa35bcf403815c48ecdea99fa60127bff.jpg

သူမဟာ မိတ်ကပ်ပါပါ မပါပါ သဘာဝအတိုင်းလေးကို လှနေတာမို့ ပရိသတ်တွေက သဘောကျကြပါတယ်။ သဘောကောင်းတဲ့ အပြုံးလေးကို ပိုင်ဆိုင်ထားလို့လည်း အကြည်ဓာတ်ကလေးဆိုပြီး ချစ်မဝ ဖြစ်နေကြတာပါ။

https://s9.kh1.co/__image/w=650,h=650,q=100/6f/6ffc56fd6f6988fff892671bdaa620e6df1656a1.jpg

သူမဟာ ၂၀၁၆ ခုနှစ်မှာ Handmaiden ဇာတ်ကားနဲ့ အနုပညာလောကထဲ ဝင်ရောက်လာပြီး အဲဒီပွဲဦးထွက် ဇာတ်ကားမှာတင် ပရိသတ်တွေရဲ့ အားပေးမှုနဲ့ ထူးချွန်ဆုတွေ တသီကြီး ရခဲ့ပါတယ်။ ဆက်လက် ရိုက်ကူးတဲ့ ဒရာမာများဖြစ်တဲ့ 1987၊ Little Forest နဲ့ သမိုင်းကြောင်းရုပ်ရှင်ဇာတ်လမ်းတွဲကြီး Mr. Sunshine မှာလည်း ဆက်တိုက်ကို နာမည်တက်လာခဲ့တာပါ။ အခု ရိုက်ကူးနေတဲ့ Twenty Five, Twenty One မှာတော့ ပိုပြီး ချစ်စရာကောင်းလာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/ee/ee42d4fba3eefc7b45cabcd0cb53a9797ee3e1e9.jpg

ဆက်လက်ပြီး အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် အကြည်ဓာတ်ကလေးရေ...။

Photos credit - Google 

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T