၂၀၂၂ ပဲရစ်ဖက်ရှင် ရက်သတ္တပတ်ရဲ့ Chanel ရှိုးပွဲကို တက်ရောက်လာသူလေးကတော့ Chanel ရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ Blackpink ထဲက ဂျန်နီလေးပါပဲ။

အင်္ကျီအနက်၊ စကတ်အနက်ကိုမှ ဂျာကင်အနက်လေး ထပ်ဝတ်ပြီး အောဘလက်နဲ့ ဂေါ်ထွက်နေတဲ့ ဂျန်နီဟာ မီဒီယာတွေအားလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။

ဆံပင်လေးကို ကျစ်ဆံမြီး ကျစ်ထားတာလေးက တစ်ကိုယ်လုံး အမည်းဝတ်ထားတာကို ချစ်စရာကောင်းသွားစေပါတယ်။ ခြေအိတ်အဖြူလှလှလေးနဲ့ ပေါင်းစပ်လိုက်တော့ perfect ဖြစ်သွားတာပေါ့။

အသက် ၂၆ နှစ်ဆိုပေမဲ့ ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးလို ချစ်စရာကောင်းတဲ့ ဂျန်နီလေးပါ။ ဒါကြောင့်လည်း ပရိသတ်တွေက တမ်းတမ်းစွဲနေရတာပါ။

သူမရဲ့ ဒီဖက်ရှင်က ဘယ်လောက်တောင် နာမည်ကြီးသွားလဲ ဆိုရင် နိုင်ငံတကာ ပရိသတ်တွေက ဖက်ရှင်ရှိုးမှာ ဒီဇိုင်နာတွေ တီထွင်ဖန်တီးပြသထားတဲ့ ဝတ်စုံတွေကို မမြင်တော့ဘဲ ဂျန်နီ့တစ်ယောက်တည်းကိုပဲ မြင်တော့တယ်လို့ တွစ်တာမှာ ပြောနေကြပါတယ်။

Blackpink က အချောလေး ၄ ယောက်စလုံးဟာ ကိုယ်စီ အောင်မြင်မှုအသီးသီး ရရှိထားကြသူလေးတွေပါ။ ပရိသတ်တွေက အဖွဲ့လိုက် comeback တာ ပြန်မြင်ချင်နေကြပါပြီ။ ဂျန်နီကတော့ မကြာခင် အဖွဲ့လိုက်သီချင်းလေး ထွက်မယ်ဆိုတာ စကားဦးသန်းလာပြီမို့ ပရိသတ်တွေ ပျော်နေကြပါတယ်။

အခုတော့ ကောင်မလေးရဲ့ အလှအပကို အလွမ်းပြေ ခံစားနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။




Photos Courtesy - Jennie Kim Instagram





