ပရိသတ်တွေရဲ့ အချစ်တော် နော်ဖောအယ်ထားဟာဆိုရင် ၂၀၁၉ ခုနှစ်က “The Missing Truth” ဆိုတဲ့ဇာတ်လမ်းနဲ့ ပရိသတ်တွေရှေ့ကိုရောက်ရှိခဲ့တဲ့သူဖြစ်ပါတယ်။ ဇာတ်ကားထွက်ထွက်ခြင်းမှာပဲ နော်ဖောအယ်ထားဆိုပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အများကြီးရခဲ့ပါတယ်။



နော်ဖော်ရဲ့ အေးမြတဲ့ အပြုံးလေးနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာထားလေးကြောင့်လည်း ပရိသတ်တွေက နော်ဖော်ကို အရမ်းချစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း နော်ဖောက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ သူမရဲ့ ချစ်စရာပုံရိပ်လေးတွေကို တင်ပေးထားပါတယ်။

ဓာတ်ပုံလေးထဲမှာဆိုရင် နော်ဖော်က သနပ်ခါး ပါးကွက်ကြားလေးနဲ့ မြန်မာ့ရိုးရာဆန်ဆန်လေး ချစ်ဖို့ကောင်းနေတာဖြစ်ပါတယ်။ နော်ဖောရဲ့ခေါင်းမှာ ပန်းနီနီလေး တစ်ပွင့်လည်း ပန်ထားပါတယ်။



မြန်မာ့ရိုးရာ ဝတ်စုံ ရိုးရိုးယဉ်ယဉ်လေးနဲ့ အရမ်းချစ်ဖို့ကောင်းနေတဲ့ နော်ဖောရဲ့ ပုံလေးတွေကို အားလုံးပဲကြည့်လို့ရအောင် ဝေမျှပေးလိုက်ပါတယ်နော်။