လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံနှံ့လာခဲ့တဲ့ Tangmo နဲ့ သူမအဖေရဲ့ ဓာတ်ပုံလေးများ

//s9.kh1.co/0c/0c1775a83fa5d32ea4fdfa1b449fb72cdc019233.jpg
အနုပညာရှင်များ

 ၀၇-မတ်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံနှံ့လာခဲ့တဲ့ Tangmo နဲ့ သူမအဖေရဲ့ ဓာတ်ပုံလေးများ

မကြာသေးမီက ကွယ်လွန်သွားတဲ့ ထိုင်းမင်းသမီးလေး Tangmo ရဲ့ စိတ်မကောင်းစရာ အဖြစ်အပျက်ဟာ သိရှိရသူတွေအဖို့ စိတ်တုန်လှုပ်ခြောက်ခြားစရာကိစ္စကြီး ဖြစ်သွားစေပါတယ်။ Tangmo ဟာ သူငယ်ချင်း ၅ ယောက်နဲ့အတူ စက်လှေစီးပြီး လှေပေါ်ကနေ မတော်တဆ ပြုတ်ကျသေဆုံးသွားရတဲ့သူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/2e/2ed2db779a040eb75fb881c7be690cff78e6c2b8.jpeg

သမီးဖြစ်သူရဲ့ အမှုက သွေးရိုးသားရိုးမဟုတ်ပေမယ့် လျော်ကြေးငွေ ဘတ် သန်း ၃၀ နဲ့ ကြေအေးပေးမယ်ဆိုတဲ့ Tangmo ရဲ့ မိခင်ကြောင့်လည်း ပရိသတ်တွေက ပိုပြီး အံ့အားသင့်ခဲ့ရပါတယ်။ အဲဒီသတင်းနဲ့ တစ်ပြိုင်နက်တည်း နာမည်ကြီးလာတာက Tangmo ရဲ့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဖခင်ကိစ္စပဲဖြစ်ပါတယ်။ Tangmo ရဲ့ မိဘတွေက Tangmo ကလေးဘဝ ၃ နှစ်အရွယ်ကတည်းက ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ Tangmo က ဖခင်ဖြစ်သူ Sophon Parcharawirapong နဲ့ အတူနေထိုင်ခဲ့ပြီး သူ့မိခင်နဲ့ အတူပြန်နေတာ နှစ်အနည်းငယ်လောက်ပဲရှိသေးတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/00/00f7fb7516ef93fb6ce1aac79d2c21dd44561651.jpg

Tangmo က ဖခင်ကြီးကို အရမ်းချစ်ပြီး ဖခင်ကြီးနဲ့အတူပျော်ရွှင်နေတဲ့ ပုံလေးတွေကို အမြဲမှတ်တမ်းတင်ထားလေ့ရှိပါတယ်။ သူမ မကွယ်လွန်ခင်က ဖခင်ကြီးနဲ့ ပတ်သတ်ပြီးပြောခဲ့တာလေး ရှိပါတယ်။ အဲဒါလေးကိုအောက်မှာ ဖော်ပြပေးထားပါတယ်။

https://s9.kh1.co/__image/w=650,h=640,q=100/18/18034fcbd54913b365a6a95c61d6d8694e92d9d4.jpg
https://s9.kh1.co/__image/w=549,h=539,q=100/54/548c255b894b0c6890a4fdedf800d9f03133c3cd.jpg
https://s9.kh1.co/__image/w=650,h=650,q=100/92/926da818f3f875a742050f28b1f6e982179dcf11.jpg

“ဘဝမှာတစ်ယောက်တည်းရှင်သန်ရမှာ .. အဖေသာမရှိတော့ရင် ကျွန်မမှာ ဘယ်သူမှမရှိတော့ဘူး”

https://s9.kh1.co/__image/w=610,h=601,q=100/14/145f29eb820507a48ad2892eddba53b3fe2d5b0c.jpg
https://s9.kh1.co/__image/w=650,h=487,q=100/d8/d86cc6c3e917a8030ead192fac2535355ce2be32.jpg

Tangmo ရဲ့ စာလေးကတိုပေမယ့် ပရိသတ်တွေရင်ထဲမှာ နက်ရှိုင်းစွာခံစားသွားရစေပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေက Tangmo နဲ့ သူမရဲ့ ဖခင်ကြီး အတူ ပျော်ရွှင်နေတဲ့ပုံရိပ်လေးတွေကို လိုက်ရှာပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ခဲ့ပါတယ်။

Photo credit to otig<br>
Photo credit to otig

ဓာတ်ပုံလေးတွေကို အားလုံးပဲ ကြည့်လို့ရအောင် ဝေမျှပေးလိုက်ပါတယ်နော်။ စိတ်မကောင်းစရာက ချစ်စရာသားအဖလေးနှစ်ယောက်က အခုဆိုရင်တော့ လူ့လောကကြီးထဲမှာ မရှိကြတော့ပါဘူး။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T