FIFA ဂိမ်းတွေပေါ်က ရုရှားနဲ့ဘီလာရုစ်အသင်းတွေကို ဖယ်ရှားပစ်နေတဲ့ EA

//s9.kh1.co/cb/cb83050eacec00c84c3b95de5b753148281242ac.avif
E-Sports

 ၀၅-မတ်-၂၀၂၂ ၁pm · လွန်ခဲ့သော ၂ နှစ် က

FIFA ခေါင်းစဥ်တော်တော်များများ‌အောက်ကနေ ဖယ်ရှားပစ်နေတာဖြစ်ပါတယ်

နာမည်ကြီးဘောလုံးဂိမ်းတွေဖြစ်တဲ့ FIFA 22 နဲ့ NHL 22 ပေါ်ကရုရှားအသင်းတွေနဲ့ ရုရှားနိုင်ငံအသင်းတွေကို EA ဖက်ကဖယ်ရှားပစ်နေတယ်လို့သိရပါတယ်။ဒီဂိမ်းတွေတင်သာမကပဲ FIFA Mobile နဲ့ FIFA Online တို့ပေါ်မှာပါရုရှားအသင်းတွေကိုဖယ်ရှားပစ်မှာပါ။

  Photo via EA
  Photo via EA

ဒီလိုဖယ်ရှားပစ်ရတဲ့အကြောင်းရင်းကတော့ ရုရှားကယူကရိန်းကိုကျူးကျော်မူကြောင့်ဖြစ်ပါတယ်။ဒါဟာရုရှားအသင်းတွေတင်မကပါဘူး။ဘီလာရုစ်နိုင်ငံကလည်း ရုရှားနဲ့အတူရပ်တည်တာဖြစ်တဲ့အတွက်ကြောင့် ဘီလာရုစ်အသင်းတွေကိုပါ ဖျက်သိမ်းသွားမှာဖြစ်တယ်လို့သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ EA ဟာတစ်ကမ္ဘာလုံးကဘောလုံးသမားတွေနဲ့ရော၊ငြိမ်းချမ်ရေးကိုအလိုရှိသူတွေနဲ့ရော တသားတည်းရှိနေကြောင်း ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်ထားခဲ့ပါတယ်။EA ရဲ့ NHL ကလည်း EA ရနဲ့အတူရပ်တည်ချက်တူကြောင်း၊NHL 22 ကနေလည်းရုရှားနဲ့ဘီလာရုစ်အသင်းတွေကို ဖယ်ပစ်မှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Photo via EA
Photo via EA

တစ်ကမ္ဘာလုံးနီးပါးက ယူကရိန်းပြည်သူတွေနဲ့ရပ်တည်ကြောင်းပြသနေချိန်မှာ Gaming Industry တစ်ခုလုံးကလည်း တတ်နိုင်တဲ့ဖက်ကနေ ရုရှားကိုဆန့်ကျင်နေကြတာဖြစ်ပါတယ်။

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T