မကြာသေးခင်က ကိုရီးယားနာမည်ကြီးရုပ်သံလိုင်းဖြစ်တဲ့ tvN က The Sixth Sense တီဗီရှိုး အတွဲ ၃ အတွက် ပိုစတာ ထုတ်ပြန်ခဲ့ပါတယ်။ The Sixth Sense ဆိုတာက Running Man ရဲ့ ခေါင်းဆောင် MC ယူဂျယ်ဆော့၊ အဆိုတော် ဂျက်ဆီနဲ့ မီဂျူး၊ သရုပ်ဆောင် လီဆန်းယော့နဲ့ အိုနာရာတို့ ပါဝင်တဲ့ ဟာသ တီဗီရှိုး ဖြစ်ပါတယ်။

သူတို့ဟာ နေရာစုံသွားရောက်ပြီး ဘယ်ဟာက အစစ်အမှန်၊ ဘယ်ဟာက အတုလဲဆိုတာ ကိုယ့်ရဲ့ ဆဌမအာရုံကို သုံးပြီး ဖော်ထုတ်ရတဲ့ ဂိမ်းပါ။

ဒီရှိုးကို ၂၀၂၀ မှာ စတင်ထုတ်လွှင့်ခဲ့ပြီး အစကတည်းက ဂျောင်ဆိုမင်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီလမှာ tvN က ဂျောင်ဆိုမင်း မပါနိုင်တော့ပါဆိုပြီး ကြေညာခဲ့ပါတယ်။ သူမဟာ ခြေထောက်မှာ ထိခိုက်ဒဏ်ရာရခဲ့ပြီး ရုပ်ရှင်ရိုက်ကွင်း အချိန်ဇယားတွေကြောင့် မပါနိုင်တော့တာပါ။ ဒါပေမဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့တော့ ရှိနေဦးမှာပါ။

ဂျောင်ဆိုမင်းက အခုထုတ်လိုက်တဲ့ ပိုစတာမှာ မပါဝင်ခဲ့ပါဘူး။ ဒါကြောင့် တခြားအဖွဲ့ဝင်တွေက ဝမ်းနည်းနေကြတာပါ။ သူမ ပါတဲ့ ပုံလေးကို ပြုပြင်ပြီး အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။ ပြီးတော့ "We're one" ဆိုပြီး ငါတို့တစ်သားတည်း ရှိတယ်လို့ ရေးသားခဲ့ပါတယ်။

Ref :
“The Sixth Sense 3” Cast Share Love For Jun So Min On Poster Release
https://www.soompi.com/article/1515725wpp/sixth-sense-3-cast-share-love-for-jun-so-min-on-the-sixth-sense-3-poster-release